Home
မြန်မာသတင်း
စပိန်ရှိ မယ်လီယာဟိုတယ်လုပ်ငန်းစု မြန်မာတွင် ဟိုတယ်တခုဖွင့်မည်
DVB
·
June 12, 2015
မယ်လီယာဟိုတယ်လုပ်ငန်းစုက မြန်မာနိုင်ငံမှာ ဟိုတယ်လုပ်ငန်းတခု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဟိုတယ်အခန်းပေါင်း ၄၀၀ ပိုင်ဆိုင်ထားတဲ့ မယ်လီယာဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်း ၂၀၁၆ ခုနှစ်မှာ အခန်းပေါင်း ၁၆၀၀ ကျော်နဲ့ ဟိုတယ် ၂၄ လုံးထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အသစ်တည်ဆောက်မယ့် ဟိုတယ်ဟာ ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ် အနီးမှာ တည်ရှိမှာဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားလာရ လွယ်ကူတဲ့နေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။ မယ်လီယာ ရန်ကုန်ဟိုတယ်မှာ စားသောက်ဆိုင်တွေ၊ တွေ့ဆုံဆွေးဆွေးပွဲပြုလုပ်ဖို့ ကျယ်ဝန်းတဲ့ နေရာတွေ ပါဝင်ပြီး ရုံးခန်းအဆောက်အဦး၊ လူနေအိမ်ခန်းနဲ့ ကုန်သွယ်မှု စင်တာတခုပါ ပါဝင်မယ်လို့ ဆိုပါတယ်။ မယ်လီယာဟိုတယ်လုပ်ငန်းစုရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ ဘဲာနာဒိုကဲဘော့က “မယ်လီယာ ရန်ကုန်ဟာ ကျနော်တို့ ဟိုတယ်လုပ်ငန်းစုအနေနဲ့ အာရှ-ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုရဲ့ မှတ်တိုင်တခုပါ။ နိုင်ငံတကာ အသိအမှတ်ပြု မယ်လီယာကို ကျနော်တို့က မြန်မာနိုင်ငံထဲကို သယ်ဆောင်လာဖို့ စိတ်အားထက်သန်နေပါတယ်။ ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ (ဗီယက်နမ်နိုင်ငံအခြေစိုက်) ဟွမ်ဂဲန်ဂျီယာလိုင်မြန်မာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဟိုတယ်ကို ဒေသတွင်းမှာရော အခြားဒေသတွေမှာပါ တိုးချဲ့ပြီး အောင်မြင်အောင် လုပ်ဆောင်သွားမှာပါ။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လကတော့ မယ်လီယာဟာ ဗြိတိန်နိုင်ငံမှာ သူတို့ရဲ့ ပထမဆုံးဟိုတယ်ကို ဖွင့်လှစ်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024