A d v e r t i s e m e n t With Us

မဟာမဲခေါင်ဒေသခွဲတွင် ကူးသန်းမှု လွယ်ကူရန် ဆောင်ရွက်မည်

ထိုင်းနိုင်ငံရှိ စေျးတခုမှ ကုန်မျိုးစုံအရောင်းဆိုင်တဆိုင်။ (ဓာတ်ပုံ - အေဒီဘီ)
မဟာမဲခေါင်ဒေသခွဲ နိုင်ငံတွေက ကုန်စည်နဲ့ လူတွေ နိုင်ငံဖြတ်ကျော်သွားလာ ပို့ဆာင်မှု လွယ်ကူစေရေး အစီအစဉ်တခုကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ ၀န်ကြီးတွေက ဇွန် ၁၁ ရက်နေ့မှာ သဘောတူခဲ့ကြပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ ကျင်းပနေတဲ့ မဟာမဲခေါင်ဒေသခွဲ (GMS) စီးပွားရေး စင်္ကြန်များ ဖိုရမ်ကနေ သတင်းထုတ်ပြန်လိုက်တာပါ။ ဒီထုတ်ပြန်ချက်မှာ ဒေသတွင်း မြို့ပြဧရိယာတွေ အကောင်အထည်ဖော်ရာမှာ ပူးပေါင်း ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စားသုံးသူဈေးကွက်မျှဝေပြီး နိုင်ငံဖြတ်ကျော် အီလက်ထရောနစ် စီးပွားရေးစနစ် ဖွံ့ဖြိုးစေမယ့် မူဘောင်တခုကိုလည်း အတည်ပြုခဲ့ကြပါတယ်။ မဟာမဲခေါင်ဒေသခွဲ (GMS) မှာ မဲခေါင်မြစ်ဝှမ်းနဲ့ ဆက်စပ်နေတဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up