ဟားမတ်စ် စစ်သွေးကြွတဦးကို အစ္စရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ သတ်ဖြတ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပါလက်စတိုင်း အစ္စလာမ်မစ် အုပ်စုဖြစ်တဲ့ ဟားမတ်စ်အဖွဲ့က အဖွဲ့ဝင်တယောက်ကို အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့က သတ်ဖြတ်လိုက်တယ်လို့ မျက်မြင်တွေနဲ့ ဆေးအဖွဲ့က ပြောပါတယ်။ အစ္စရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ သူတို့အဖွဲ့ဟာ စစ်သွေးကြွတွေကို ဖမ်းဆီးတဲ့ စစ်ဆေးရေးတခုကို ဂျန်နင်းမြို့မှာ ပြုလုပ်နေတဲ့အချိန် ဗုံးနဲ့တိုက်ခိုက်ဖို့ ကြိုးစားတဲ့ ပါလက်စတိုင်းတယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ မြို့ခံတွေနဲ့ ဆေးရုံရဲ့ အဆိုအရ အသက် ၂၃ နှစ်အရွယ် ပါလက်စတိုင်း လူငယ်ဟာ ဇွန် ၁၀ ရက်နေ့ စောစောမှာ သေဆုံးသွားခဲ့ပါတယ်။ တခြား ကြီးကြီးကျယ်ကျယ် ထိပ်တိုက်တွေ့မှု မရှိခဲ့ဘဲ အစ္စရေး တပ်ဖွဲ့တွေ ဂျန်နင်းမြို့ကနေ ထွက်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ အဆိုပါမြို့မှာ ဒီလို စစ်ဆင်ရေးလုပ်မယ့်ကိစ္စကို အနောက်ဘက်ကမ်းက မြို့တွေမှာလည်း လှုပ်ရှားတဲ့ ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့တွေကို ကြိုတင်အသိပေးခဲ့တာ မရှိဘူးလို့လည်း အစ္စရေး နယ်ခြားစောင့် ရဲအဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up