ဗြိတိသျှအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ဇနီးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချလိုက်ပါတယ်။
ရောဘတ် အီလစ်စ်လို့ ခေါ်တဲ့ ဗြိတိန်အမျိုးသားကို သူ့ဇနီး နူးရ် အီလစ်စ်က လူငှားပြီး သတ်ခိုင်းခဲ့တယ်ဆိုပြီး တရားရုံးက စီရင်ချက် ချလိုက်တာပါ။
[caption id="attachment_97132" align="alignright" width="374"]

ဓာတ်ပုံ - Robert Kelvin Ellis and his wife (Facebook)[/caption]
ထောင်ဒဏ် ၁၂ နှစ်ထဲက အချုပ်ကာလကိုတော့ ပြန်လျှောက်ပေးမယ်လို့ တရားသူကြီးက ပြောပါတယ်။
ဇနီးသည်ဟာ အချုပ်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာကတည်းက ရောက်နေတာပါ။ မနှစ် အောက်တိုဘာတုန်းက ရောဘတ်အီလစ်စ်ရဲ့ အလောင်းကို တွေ့ရတဲ့အချိန်က လည်မျိုကို အလှီးခံထားရတယ်လို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်လို့ အိမ်ဖော် ၂ ဦး အပါအ၀င် လူ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
တရားခွင်မှာ ရောဘတ်နဲ့ နူးရ်တို့ရဲ့ သား ၂ ယောက်လည်း နားထောင်ဖို့ ရောက်နေကြပါတယ်။
သားဖြစ်တဲ့ ပီတာ အဲရစ်က စီရင်ချက်ကို စိတ်ပျက်တယ်လို့ ပြောပါတယ်။
အစီအစဉ်တကျ၊ ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ လောက်အထိ ချမယ်လို့ မျှော်လင့်ထားပေမယ့် ၁၂ နှစ်ပဲ ချတဲ့အတွက် တရားမျှတမှု မရှိပါဘူးလို့ ပြောပါတယ်။