ဗြိတိသျှအမျိုးသားကို လူငှားသတ်ခိုင်းသည့် အင်ဒိုဇနီးသည်ကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ဓာတ်ပုံ - ရိုက်တာ
ဗြိတိသျှအမျိုးသား သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ဇနီးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချလိုက်ပါတယ်။ ရောဘတ် အီလစ်စ်လို့ ခေါ်တဲ့ ဗြိတိန်အမျိုးသားကို သူ့ဇနီး နူးရ် အီလစ်စ်က လူငှားပြီး သတ်ခိုင်းခဲ့တယ်ဆိုပြီး တရားရုံးက စီရင်ချက် ချလိုက်တာပါ။ [caption id="attachment_97132" align="alignright" width="374"]ဓာတ်ပုံ - Robert Kelvin Ellis and his wife (Facebook) ဓာတ်ပုံ - Robert Kelvin Ellis and his wife (Facebook)[/caption] ထောင်ဒဏ် ၁၂ နှစ်ထဲက အချုပ်ကာလကိုတော့ ပြန်လျှောက်ပေးမယ်လို့ တရားသူကြီးက ပြောပါတယ်။ ဇနီးသည်ဟာ အချုပ်မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာကတည်းက ရောက်နေတာပါ။ မနှစ် အောက်တိုဘာတုန်းက ရောဘတ်အီလစ်စ်ရဲ့ အလောင်းကို တွေ့ရတဲ့အချိန်က လည်မျိုကို အလှီးခံထားရတယ်လို့ ဒေသ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီအမှုနဲ့ ပတ်သက်လို့ အိမ်ဖော် ၂ ဦး အပါအ၀င် လူ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်မှာ ရောဘတ်နဲ့ နူးရ်တို့ရဲ့ သား ၂ ယောက်လည်း နားထောင်ဖို့ ရောက်နေကြပါတယ်။ သားဖြစ်တဲ့ ပီတာ အဲရစ်က စီရင်ချက်ကို စိတ်ပျက်တယ်လို့ ပြောပါတယ်။ အစီအစဉ်တကျ၊ ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀ လောက်အထိ ချမယ်လို့ မျှော်လင့်ထားပေမယ့် ၁၂ နှစ်ပဲ ချတဲ့အတွက် တရားမျှတမှု မရှိပါဘူးလို့  ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up