ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ဆုတံဆိပ်ပေါင်း ၅၀ ကျော်ရနေ
စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲမှာ ၆ ရက်မြောက် ဒီကနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းပြိုင်ပွဲတွေအပြီးမှာ မြန်မာက ရွှေတံဆိပ်ထပ်မရသေးဘဲ လှေလှော်နဲ့ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ ဒုတိယ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေ ရရှိသွားပါတယ်။
နိုင်ငံအလိုက် ဇယားမှာတော့ မြန်မာက ရွှေ ၁၁ ခု၊ ငွေ ၂၁ ခု၊ ကြေး ၂၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၅၆ ခုနဲ့ ပြိုင်ပွဲဝင် နိုင်ငံ ၁၁ နိုင်ငံမှာ နိုင်ငံအလိုက် အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ဆီးဂိမ်း
[gallery ids="97135,97136,97137,97138,97139,97140,97142,97143,97144"]