A d v e r t i s e m e n t With Us

အီဂျစ် ရှေးဟောင်းကာနက်ဘုရားကျောင်းအနီး အသေခံဗုံးဖောက်ခွဲ

အီဂျစ်နိုင်ငံ တောင်ဘက်စွန်း မြို့တော်လူဇာက ရှေးဟောင်း ကာနက်ဘုရားကျောင်းအနီးမှာ အသေခံဗုံးခွဲသမား တယောက်ဟာ ဇွန် ၁၀ ရက်နေ့မှာ သူ့ကိုယ်သူ အသေခံ ဖောက်ခွဲလိုက်တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ မျက်မြင်တွေက ပြောပါတယ်။ ခု အီဂျစ်လူမျိုး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်အုပ်စုကမှ တာဝန်ခံ ထုတ်ဖော်ပြောဆိုမှု မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ A bazar that was affected by a foiled suicide attack is seen at the scene of the attack  in Luxorလုံခြုံရေးရင်းမြစ်တွေကတော့ ကာနက်ခ်က ထိခိုက်မှုမှာ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ရဲသား ၂ ယောက် ဖြစ်တယ်လို့ ဆိုပြီး ကမ္ဘာလှည့်ခရီးသည်တွေ ထိခိုက်မှု မရှိဘူးလို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကာနက်ခ်က အကြမ်းဖက်တိုက်ခိုက်မှုဟာ ဖျက်လိုဖျက်ဆီး နှောင့်ယှက်တာဖြစ်ပြီး ရန်ပြုသူ ၂ ယောက် သေဆုံးကာ တတိယမြောက်လူကို ဖမ်းမိထားပြီလို့ ပြည်ထဲရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ တခြားအသေးစိတ်တွေတော့ မပါပါဘူး။ ဒါဟာ အီဂျစ်နိုင်ငံရဲ့ အရေးပါလှတဲ့ ခရီးသွားလုပ်ငန်းကို ဦးတည်ပစ်မှတ်ထားတဲ့ ၁ ပတ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဂီဇာ ပိရမစ်တွေအနားက လမ်းမပေါ်မှာ မော်တော်ဆိုင်ကယ်စီး သေနတ်သမားတွေဟာ အီဂျစ် ခရီးသွားလုပ်ငန်း အဖွဲ့ဝင် ၂ ယောက်နဲ့ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ကို ပစ်သတ်ခဲ့ပါတယ်။ အီဂျစ်အစိုးရကို ဖြုတ်ချဖို့ လှုပ်ရှားမှုတွေမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ၂ နှစ်အတွင်း ရဲတပ်ဖွဲ့နဲ့ စစ်သားတွေ ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လတ်တလောမှာတော့ ခရီးသွားတွေနဲ့ စီးပွားရေးပစ်မှတ်တွေကို တိုက်ခိုက်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up