ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာနှင့်လာအို ယှဉ်ပြိုင်မည်

ဓာတ်ပုံ - Lao Football News
၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနဲ့ လာအိုအသင်းတို့ လာအိုအိမ်ကွင်းမှာ ဇွန်လ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ ယှဉ်ပြိုင်ကစားကြပါမယ်။ မြန်မာ့လက်ရွေးစင်အသင်းကြီးအနေနဲ့ ပြည်တွင်းကလပ်အသင်းတွေနဲ့ ခြေစမ်းပြီး လူ၊ ကစားကွက် ပြင်ဆင်နေခဲ့တာ ၂ လလောက်ရှိပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘောဒီးယား လက်ရွေးစင်အသင်းနဲ့ ခြေစမ်းခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းက အားထားရတဲ့ ကြည်လင်းနဲ့ ရန်အောင်ကျော်တို့ ဒဏ်ရာအနည်းငယ်ရှိပေမယ့် ပါဝင်ကစားနိုင်ဖို့ များပါတယ်။ မြန်မာအသင်းဟာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။ အုပ်စု ဗိုလ် ၈ သင်းနဲ့ အုပ်စု အကောင်းဆုဒုတိယ ၄ သင်းတို့ဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်တက်မှာ ဖြစ်ပါတယ်။ အုပ်စု အကောင်းဆုံးဒုတိယ ၄ သင်း၊ အုပ်စု တတိယနေရာရ အသင်း ၈ သင်း၊ အုပ်စု အကောင်းဆုံး စတုတ္ထနေရာရ ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်မှာ ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စု နောက်ဆုံးနေရာရ ၈ သင်းတို့ဟာ  အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Lao Football News

Credit-LaoFootball

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up