A d v e r t i s e m e n t With Us

အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မြေသိမ်းခံရသူ ထိုင်းလူမျိုးများ မဲဆောက်တွင် ဆန္ဒပြ

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲက အစိုးရရဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မြေယာဆုံးရှုံးမယ့်အရေး ကြုံနေရတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဇွန်လ ၁၀ ရက် မနက် ၁၀ နာရီက  ဆန္ဒပြခဲ့ကြပါတယ်။ မြေယာဆုံးရှုံးသူ လူပေါင်း ၈၀ ကျော်ဟာ မြ၀တီတံတားပေါ်မှာရှိတဲ့ စီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရေးရုံးကို ချီတက်လာပြီး သူတို့ လုပ်ကိုင်စားသောက်လာတဲ့ မြေတွေကို အစားထိုးနေရာ ပြန်လည်ချထားပေးဖို့ လက်ထောက်ခရိုင်ဝန်ဆီ တောင်းဆိုခဲ့တာလို့  အဲဒီနေရာကို ရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ သူတို့တောင်းဆိုချက်ကို လက်ထောက်ခရိုင်ဝန်က အစိုးရအစည်းအဝေးမှာ ဆက်လက်တင်ပြပေးသွားမယ်လို့ ဖြေကြားသွားပါတယ်။ မဲဆောက်မြို့ ထာ့ဆိုင်လွတ်နဲ့ မယ့်တာခ်ရပ်ကွက်ထဲက မြေလွတ်မြေရိုင်းနဲ့ စိုက်ပျိုးမြေ  စုစုပေါင်း ဧက ၁၀၀၀ ကျော်မှာ ထိုင်းအစိုးရက စီးပွားရေးဇုန် စီမံကိန်းအတွက် လမ်းတံတားတွေ၊ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ဖို့  ပြင်ဆင်နေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up