A d v e r t i s e m e n t With Us

အသင်းမှ ကစားသမားကောင်းများကို ထိန်းသိမ်းသွားမည်ဟု မော်ရင်ဟိုပြော

ဓာတ်ပုံ - ရိုက်တာ
အခုနှစ် နွေရာသီအပြောင်းအရွှေ့ရဲ့ အဓိကပေါ်လစီကတော့  ကစားသမားကောင်းတွေကို ထိန်းသိမ်းဖို့ဖြစ်ပြီး ကစားသမားသစ် ၃ ဦးကိုလည်း ခေါ်ယူသွားမယ်လို့ ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ ဒီနှစ်မှာ အကောင်းဆုံး ကစားသမားတွေကို ရောင်းချဖို့ ဆန္ဒမရှိသလို ဟာဇက်၊ မာတစ်၊ အိုင်ဗန်နိုဗစ်၊ ဒီယေဂိုကော်စတာနဲ့ ဖာဘရီဂက်စ်တို့ကို ထိန်းထားနိုင်ဖို့က ပထမပစ်မှတ်ပါလို့ မော်ရင်ဟိုက Mirror သတင်းစာကို ပြောကြားခဲ့တာပါ။ ဒရော့ဘာနေရာကို အစားထိုးဖို့ တိုက်စစ်မှူးတဦး၊ နောက်ခံလူတဦးနဲ့ အလယ်တန်း ကစားသမား တဦးတို့ကို ခေါ်ယူပြီး အသင်းကို သွေးသစ်လောင်းကာ ပြိုင်ဘက်တွေကို ဖိအားပေးသွားမယ်လို့လည်း သူက ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up