A d v e r t i s e m e n t With Us

ဆိုလာနှင့်လေ စွမ်းအင်သုံး ဘာစီလိုနာကမ်းခြေက လမ်းမီးတိုင်းများ

ဆိုလာနှင့်လေ စွမ်းအင်သုံး ဘာစီလိုနာကမ်းခြေက လမ်းမီးတိုင်းများ
ဘာစီလိုနာကမ်းခြေကို အမြင်ဆန်းသစ်တဲ့လမ်းမီးတွေနဲ့ ထွန်းညှိလိုက်ပါပြီ။ ခုလို ခေတ်ရှေ့ပြေး လမ်းမီတိုင် ၆ တိုင်ကို ဆိုလာပြားတွေ၊ လေအားလျှပ်စစ်ထုတ်စက်တွေ၊ ဘက်ထရီတွေ တပ်ဆင်ပေးထားပါတယ်။ ရလဒ်အနေနဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ မီးတွေကို ည ၁၀ နာရီလောက်ထိ ထွန်းညှိထားနိုင်အောင် စွမ်းအင် အလုံအလောက် ရသွားပါတယ်။ ပီဒရိုမွန်တက်စ်က အီအိုလ်ဂရင်းကုမ္ပဏီက သုတေသနလုပ်ငန်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။37.Street lights powered by solar and wind energy to light up Barcelona "သမားရိုကျလမ်းမီးစနစ်နဲ့ယှဉ်ရင် ကျနော်တို့ တပ်ဆင်ထားတဲ့ ဒီလမ်းမီးတိုင် ၆ တိုင်က သမားရိုကျ လမ်းမီးတိုင်တွေက ဆိုဒီယမ် ဒါမှမဟုတ် မာကျူရီမီးသီးတွေထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နည်းပါတယ်။" အီအိုလ်ဂရင်းကုမ္ပဏီကတော့ ဒီလမ်းမီးတွေဟာ ပင်မသွယ်တန်းလျှပ်စစ်ကို သုံးစရာမလိုဘဲ LED နည်းပညာကို အသုံးပြုထားတာမို့ သမားရိုးကျလမ်းမီးတွေထက် ကုန်ကျစရိတ် ၂၀  ရာခိုင်နှုန်း သက်သာတယ်လို့ ဆိုပါတယ်။ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နဲ့ ထွန်းညှိတဲ့ LED လမ်းမီးတွေကို သုံးနေတဲ့ ဒီခေတ်မှာ အီအိုလ်ဂရင်း ကုမ္ပဏီရဲ့ဒီစနစ်ဟာ လေညှင်းတိုက်ရုံနဲ့တင် လည်နိုင်တဲ့ ဂရာဖင်းတာဘိုင်တွေနဲ့ တည်ဆောက်ထားတာမို့ ပြိုင်ဘက်ကင်းလောက်အောင် ကောင်းပါတယ်။ ရာမွန် ဘာဂယ်လို ဟာ ကိုယ်ပိုင်လျှပ်စစ်နဲ့ထွန်းညှိတဲ့လမ်းမီးတွေကို ကူညီဒီဇိုင်းထုတ်ပေးခဲ့သူ ဖြစ်ပါတယ်။ 34.Street lights powered by solar and wind energy to light up Barcelona"အရင်တုန်းက ဂျင်နရေတာတွေက ၁ မိနစ်ကို အပတ်ရေ ၁၅၀၀ နဲ့ ၂၀၀၀ ကြား လေတိုက်နှုန်းရမှ လည်နိုင်တာဆိုတော့ စိန်ခေါ်မှုက ကြီးခဲ့တယ်။ ဒါပေမယ့် ခုကျတော့ ၁ မိနစ်ကို ၄ ပတ်၊ ၅ ပတ်လောက် လေတိုက်နှုန်းနဲ့ လည်နိုင်ပြီလေ။ သာမန်ဆိုရင် ဂျင်နရေတာတွေက လေတိုက်နှုန်းမြင့်ရင် စွမ်းဆောင်ရည်မြင့်တယ်။ လျော့ရင်တော့ စွမ်းရည်ကျတာပေါ့။ ဒီတော့ တခြားနည်းနဲ့ ဒီဇိုင်းထုတ် ရတာပေါ့။" ဘာစီလိုနာကစီစဉ်သူတွေကတော့ အခုလမ်းမီးစနစ်သစ်တွေနဲ့ တမြို့လုံးကို ထွန်းညှိဖို့ ရည်ရွယ်ထားပါတယ်။ ဒါဟာ လာမယ့်နှစ် ၄၀ အတွင်း ကိုယ်ပိုင်လျှပ်စစ်ထုတ်မယ့်စီမံကိန်းရဲ့ တစိတ်တပိုင်းပါပဲ။ အီအိုလ်ဂရင်း ကုမ္ပဏီကတော့ ဒီနှစ်ကုန်ပိုင်းမှာ လမ်းမီးတိုင်ပေါင်း ၇၀၀ လောက်ထိ တိုးမြှင့် ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ပြည့်မြဲစွမ်းအင်ကုမ္ပဏီတွေက ခုလိုစွမ်းရည်တိုးမြှင့်နိုင်အောင် ဆက်လက် အားထုတ်လာချိန်မှာ သူတို့ရဲ့ဒီလမ်းမီးနစ်နဲ့ စပိန်နိုင်ငံက လမ်းမှန်သမျှကို အလင်းဆောင် ပေးနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up