A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည် လုံခြုံ​ရေး​အတွက် အ​မေရိကန် စိုး​ရိမ်

မြန်မာ​အစိုး​ရပိုင် သတင်း​စာ​တွေ​​က​နေ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်​ပါတီကို ခြိမ်း​ခြောက်မှု​တွေ လုပ်​နေတဲ့​​​အ​ပေါ် အထူး​​​စိုး​ရိမ်မိ ​ကြောင်း​နဲ့​ ဒီလုပ်ရပ်​တွေကို ကမ္ဘာက ဝိုင်း​ပြီး​ ရှုတ်ချ​သင့်​ကြောင်း​ အ​မေရိကန် အထက်​လွှတ်​တော်​အမတ်​​ခေါင်း​ဆောင် မစ်ခ်ျမက်​ကောနဲက ​ပြောကြား​​လိုက်ပါတယ်။ မစ်ခ်ျမက် ​ကောနဲဟာ မ​နေ့​ညက ​ဒေါ်​အောင်ဆန်း​စုကြည်ကို တယ်လီဖုန်း​နဲ့​ ဆက်သွယ် စကား​ပြောဆို အပြီး​ ခုလို ​ပြောကြား​လိုက်တာပါ။ တယ်လီဖုန်း​ပြောဆိုမှု အတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​ကိစ္စကို အဓိက ​ဆွေး​နွေး​ခဲ့​တာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် အနီး​ကပ် ​စောင့်​ကြည့်​သွား​မယ်လို့​ မစ်ခ်ျမက်​ကောနဲက ​ပြောပါတယ်။ ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ စိတ်ဓာတ်တက်ကြွမှုနဲ့​ စိတ်အား​ထက် သန်မှု အပြည့်​ရှိ​နေပြီး​ မြန်မာပြည်သူ​တွေအတွက် အစွမ်း​ကုန်​ဆောင်ရွက်​ပေး​မယ့်​ ​ခေါင်း​ဆောင်​ကောင်း​ တဦး​ ဖြစ်တယ်လို့​လည်း​ မစ်ခ်ျမက်​ကောနဲလ်က ​ပြောဆို ​ကြောင်း​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြထား​ပါတယ်။ ဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်ကို ​မေး​ကြည့်​တော့​ မစ်ခ်ျမက်​ကောနဲနည်း​အတူ ပါတီဝင်​တွေနဲ့​ မြန်မာပြည်သူ​တွေက လည်း​ သူတို့​ခေါင်း​ဆောင် ​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် စိုး​ရိမ်​နေကြတယ် လို့​ ​ပြောပါတယ်။ ဒါ​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လုံခြုံ​ရေး​အတွက် တာဝန်ယူ ​ဆောင် ရွက်​ပေး​နေတဲ့​ အ​ခြေအ​နေကို ​မေး​ကြည့်​တော့​ ဦး​အုန်း​ကြိုင်က ခုလို ​ပြောပြပါတယ်။ သတိက​တော့​ ထား​နေလျှက်ပါပဲ၊​ ဒါ​ပေမယ့်​ အထူး​သတိထား​ပြီး​ ​ဆောင် ရွက်​နေတယ် လို့​တော့​ မရှိပါဘူး​။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ကိုယ်တိုင်ကလည်း​ ​ဆောင်ရွက်​နေတဲ့​ အလုပ်​တွေနဲ့​ ပတ်သက်လို့​ သူက ​ပြောရမယ်ဆိုရင် သူ့​စေတနာ က ပြည်သူလူထု​ကောင်း​စား​ဖို့​ လုပ်​နေတာ ဖြစ်တယ်။ သူမှန်တယ်လို့​ ယုံကြည်တာ ကို၊​ သူလုပ်ရမယ့်​ တာဝန်ရှိတာကို သူလုပ်​နေတာ ဖြစ်တယ်၊​ ဒါသူက သူ့​ကိုယ်သူ သာ အနစ်နာခံ​နေတယ်ဆိုတဲ့​ အသုံး​အနှုန်း​ကို​တောင်မှ သူကမသုံး​ဘူး​၊​ သူလုပ်ရ မယ့်​ အလုပ်​တွေ​ပေါ့​၊​ သူ့​ပုခုံး​ပေါ်မှာ ကျလာတဲ့​ ပြည်သူ့​အကျိုး​ပြုတာဝန်ကို သူ့​ဟာ သူ စွမ်း​စွမ်း​တမံ ထမ်း​ဆောင်​နေတာပဲ၊​ တတ်နိုင်သ​လောက် ထမ်း​ဆောင်​နေတာပဲ လို့​ အဲလို ​ပြောထား​တာပါ။ အဲ​တော့​ လုံခြုံ​ရေး​ဆိုတာက​တော့​ ရှိ​တော့​ ရှိ​ပေမယ့်​လို့​ ဒီထဲကပဲ သူလုပ်ရမယ့်​ အလုပ်ကို ပြည့်​ပြည့်​ဝဝ လုပ်​နေရတဲ့​ သ​ဘောပါပဲခင်ဗျာ။ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီက​နေ့​မှာလည်း​ အ​မေရိကန် ယာယီ တာဝန် ခံသံမှူး​ကြီး​ လယ်ရီဒင်း​ငါး​နဲ့​ မြန်မာနိုင်ငံကို ​ရောက်​နေတဲ့​ ဖင်လန်နိုင်ငံ သံအမတ် ကြီး​တို့​ကို သူ့​ရဲ့​ ​နေအိမ်မှာ လက်ခံ ​တွေ့​ဆုံခဲ့​တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ဒီ​နေ့​ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဝါရှင် တန်က​နေ မကြာ​သေး​မီက ပြန်လည်​ရောက်ရှိလာတဲ့​ အ​မေရိကန် ယာယီတာဝန်ခံ မစ္စတာ လာလီဒင်း​ဂါး​ကို ​နေအိမ်မှာ မနက် ၁၀ နာရီခွဲက လက်ခံ​တွေ့​ဆုံပါတယ်။ ​နောက်​နေ့​လည် ၂ နာရီမှာ ဖင်လန်နိုင်ငံ သံအမတ်ကြီး​ မီး​ဇက်တင်ပါမရင်ပါ ဆိုတဲ့​ ပုဂ္ဂိုလ်ကို တနာရီကြာ လက်ခံ​တွေ့​ဆုံ ​ဆွေး​နွေး​သွား​ပါတယ်။ ​ဆွေး​နွေး​ချက်​တွေကို ​တော့​ ထုတ်ပြန်​ကြေညာခြင်း​ မရှိပါဘူး​။ ည​နေပိုင်း​မှာ​တော့​ ဗြိတိသျှသံရုံး​က လူမှုကူညီ​ထောက်ပံ့​ရေး​အဖွဲ့​က ကိုယ် စား​လှယ် ၃ ဦး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​တွေ့​ပြီး​ လူမှုကူညီ​ထောက်ပံ့​ရေး​ ကိစ္စ ​တွေ ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up