မန်ယူခံစစ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်ခဲ့ဟု စမောလင်းပြော

ဓာတ်ပုံ - ရိုက်တာ
1.8K
ခရစ် စမောလင်းက သူနဲ့ ဖေးလ်ဂျုန်းတို့အတွဲဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်တန်းခံစစ်ကို လုံခြုံအောင် စောင့်ရှောက်နိုင်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ၀ါရင့် နောက်တန်းသမားတွေဖြစ်တဲ့ ဗစ်ဒစ်နဲ့ ဖာဒီနန်တို့ ထွက်သွားအပြီးမှာ အသက် ၂၅ နှစ်အရွယ် စမောလင်းနဲ့ အသက် ၂၃ နှစ်အရွယ် ဂျုန်းတို့က မန်ယူရဲ့ ဗဟိုခံစစ်မှူးနေရာတွေကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။
အင်္ဂလန် နောက်တန်းလူ စမောလင်းကတော့ မန်ယူရဲ့ နောက်တန်းကွက်လပ်ကို ကျနော်တို့ ဖြည့်ဆည်းနိုင်တာ သက်သေပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် သူတို့ ဗဟိုခံစစ်မှူးအတွဲဟာ နည်းပြသစ် ဗန်ဟား လက်ထက်မှာလည်း ပထမ ဦးစားပေး ကစားသမားတွေအဖြစ် အသုံးပြုတာ ခံခဲ့ရပါတယ်။
မန်ယူရဲ့ ဗဟိုခံစစ်အတွဲဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ စတုတ္ထမြောက် အကောင်းဆုံး ခံစစ်အတွဲအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
မန်ယူဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။