မားစ်ရောဂါထိန်းချုပ်ရန် ကိုရီးယားသမ္မတ အမေရိကန်ခရီးစဉ် ရွှေ့ဆိုင်း

827
တောင်ကိုရီးယားနိုင်ငံမှာ အရှေ့အလယ်ပိုင်း အသက်ရှူရောဂါ မားစ်ဖြစ်ပွားနေမှု ထိန်းချုပ်ရေးကို ကြီးကြပ်ဖို့ တောင်ကိုရီးယားသမ္မတ ပါ့က်ဂွမ်ဟေးရဲ့ ဇွန်လ ၁၀ ရက် အမေရိကန်ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သမ္မတရဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ ကင်မ်ဆွန်ဝူးက ပြောပါတယ်။
ခုချိန်ထိ မားစ် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးသေဆုံးပြီး ၁၃ ဦးကို ထပ်မံကူးစက်ခဲ့တာကြောင့် ကူးစက်ခံရသူ အရေအတွက်ဟာ ၁၀၈ ယောက်အထိ တိုးလာနေပါတယ်။
တောင်ကိုရီးယား သမ္မတဟာ အမေရိကန်ပြည်ထောင်စုကို ဇွန် ၁၄ ရက်နေ့ သွားရောက်ပြီး ၁၆ ရက်နေ့ သမ္မတ ဘားရက် အိုဘားမားနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
လာမယ့်သီတင်းပတ်ကတော့ ဒီရောဂါအပေါ် နိုင်ငံရဲ့ တုံ့ပြန်မှုအတွက် အရေးကြီးတဲ့ အပြောင်းအလဲကာလ ဖြစ်မယ်လို့ သမ္မတရုံးက ပြောပါတယ်။
ဒီကပ်ဘေးကြောင့် ပြည်သူတွေရဲ့စိုးရိမ်မှု မြင့်လာရပြီး ရောဂါသံသယအတွက် လူထောင်နဲ့ချီ သီးသန့် နေရာချထားကာ တက္ကသိုလ် ၂၂ ခုအပါအ၀င် ကျောင်းပေါင်း ၂၄၇၄ ကျောင်းထိ ပိတ်ထားရပါတယ်။
လမ်းမှာ သွားလာနေသူတွေ မျက်နှာဖုံးတွေ စွပ်ထားကြပြီး ရုပ်ရှင်ရုံတွေနဲ့ အားကစားပွဲတွေမှာတော့ ကြည့်ရှုသူ ပရိသတ် နည်းသွားပါပြီ။
တောင်ကိုရီးယားရဲ့ မားစ်ရောဂါဖြစ်ပွားမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အချက်အလက်အရ ကူးစက်ခံရသူပေါင်း ၁၂၅၇ ယောက်ရှိပြီး ၄၄၈ ယောက် သေဆုံးပါတယ်။
ရောဂါကာကွယ်ထိန်းချုပ်ရေး ဥရောပစင်တာ ထုတ်ပြန်ချက်အရ တောင်ကိုရီးယားနိုင်ငံဟာ ဆော်ဒီအာရေးဘီးယားပြီးရင် မားစ် ဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။