A d v e r t i s e m e n t With Us

အဲဗက်စ်ကို ဘာစီလိုနာက ၂ နှစ်စာချုပ် သက်တမ်းထပ်တိုး

ဓာတ်ပုံ - ရိုက်တာ
ဘာစီလိုနာအသင်းက နောက်ခံလူ ဒါနီ အဲဗက်စ်ကို ၂ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဘရာဇီး ညာနောက်ခံလူဟာ ဒီလအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဘာစီလိုနာက နောက်တန်းသမားကို စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေခဲ့တာပါ။ ဒါကြောင့်လည်း အဲဗက်စ်ကို လီဗာပူးနဲ့ မန်ယူတို့က ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘရာဇီး နောက်ခံလူဟာ ဘာစီလိုနာမှာ ၇ နှစ်ကြာ ကစားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့မှာတော့ ဘာစီလိုနာက ဆီဗီလာ ညာနောက်ခံလူ ဗီဒယ်ကို  ပေါင် ၁၆ သန်း ၀န်းကျင်နဲ့ ခေါ်ယူထားပါတယ်။ ဒါပေမယ့်လည်း ဖီဖာက ဘာစီလိုနာကို ဒီနှစ်ထဲမှာ ဘောလုံးသမားခေါ်ယူခွင့် ပိတ်ပင်ထားတဲ့အတွက် ဗီဒယ်အနေနဲ့ လာမယ့်နှစ်မှ ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကာ နောက်ခံလူ အဲဗက်စ်ဟာ အသင်းနဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊  ချန်ပီယံလိဂ် ၃ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၃ ကြိမ် ရယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up