A d v e r t i s e m e n t With Us

ဆီးဂိမ်းပြိုင်ပွဲ မြန်မာ ကနူးလှေနှင့် ဘိလိယက်မှာ ရွှေတံဆိပ်ဆုရ

စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲ ၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့ ဇွန် ၁၀ ရက်နေ့ မနက်ပိုင်းထိ မြန်မာက ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၆ ခုနဲ့ ကြေးတဆိပ် ၁၈ ခုနဲ့ စုစုပေါင်းဆုတံဆိပ် ၄၅ ခု ရနေပါတယ်။ မနေ့က ပြိုင်ပွဲတွေမှာ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ မြန်မာက အောင်ဌေးနဲ့ မင်းစည်သူထွန်းတို့ အတွဲက ရွှေတံဆိပ်ဆု၊ ကနူးလှေ မီတာ ၂၀၀  နှစ်ယောက်တွဲပြိုင်ပွဲမှာ ၀င်းထိုက်နဲ့ မောင်မောင်တို့အတွဲက ရွှေတံဆိပ်ဆုတွေ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီး မီတာ ၅၀၀၀ အပြေးမှာ မြန်မာက ဖြူဝါသက်က တတိယကြေးတံဆိပ်၊ ရိုင်ဖယ်သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာမျိုးသားအသင်းက ကြေးတံဆိပ်တခု ရရှိခဲ့ပါတယ်။ နိုင်ငံအလိုက်အဆင့်မှာတော့ မနေ့ကထက် တဆင့် ကျသွားပြီး အဆင့် ၇ မှာ ရပ်တည်နေပါတယ်။ ဆီးဂိမ်းဘောလုံးပွဲစဉ်မှာတော့ ရမှတ် ၉ မှတ်နဲ့ ရှုံးပွဲမရှိ အုပ်စုဗိုလ်ဖြစ်နေတဲ့  မြန်မာယူ ၂၃ အသင်းက ကမ္ဘောဒီးယားအသင်းနဲ့  ဒီကနေ့ ညနေပိုင်းမှာ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up