A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ခွင့်ရရေး ရုရှားနှင့်ကာတာ လာဘ်ပေးခဲ့ဟုဆို

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဖလား အိမ်ရှင်လုပ်ခွင့်ရရေးအတွက် ရုရှားနဲ့ ကာတာဟာ သက်ဆိုင်သူတွေကို တံစိုးလက်ဆောင်ပစ္စည်းတွေ ပေးခဲ့နိုင်ကြောင်း ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာရဲ့ အထူးအကြံပေး အရာရှိဟောင်းက ပြောကြားလိုက်ပါတယ်။ ဖီဖာဥက္ကဋ္ဌ ဘလတ္တာရဲ့ အထူးအကြံပေးအရာရှိဟောင်း တော့နိုနီဟာ ဘလတ္တာရဲ့ ဥက္ကဋ္ဌ ဒုတိယသက်တမ်းအတွင်း  အနီးကပ်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ ပြောကြားချက်တွေနဲ့ ပက်သက်ပြီး ဆွစ်ဇာလန်အာဏာပိုင်တွေနဲ့ အက်ဖ်ဘီအိုင်တို့ က ဆက်လက် စုံစမ်းနေကြဆဲ ဖြစ်ပါတယ်။ ဖီဖာရဲ့ စာရင်းစစ်အရာရှိတဦးဖြစ်သူ စကာလာကတော့  တကယ်လို့ ရုရှားနဲ့ ကာတာတို့ အနေနဲ့ အိမ်ရှင်လုပ်ခွင့်အတွက် မဲဝယ်ခဲ့တယ်လို့ ခိုင်မာတဲ့ အထောက်အထားတွေ့ရှိခဲ့ရင် အိမ်ရှင်လုပ်ခွင့် ဆုံးရှုံးသွားရနိုင်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up