A d v e r t i s e m e n t With Us

တရုတ်တွင် သေနတ်ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး ၅ ဦးသေဆုံး

တရုတ်နိုင်ငံတွင် တရားဝင် ဖမ်းဆီးရမိသည့် လက်နက်များကို ရဲအရာရှိတဦး စစ်ဆေးနေစဉ်။ (ဓာတ်ပုံ-ရိုက်တာ)
တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟီဘေး (Hebei) ပြည်နယ်မှာ သေနတ်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး အပါအ၀င် လူအနည်းဆုံး ၅ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဇွန် ၉ ရက်က ကြေညာပါတယ်။ ဟီဘေးပြည်နယ်၊ စုနင်းမြို့နယ်အတွင်း ရွာသားတဦးက နှစ်လုံးပြူးသေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ရဲတွေရောက်လာပြီးနောက် ရဲတွေကိုလည်း ပစ်ခတ်ခဲ့လို့ ရဲသား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ နောက်ပိုင်းတော့ ရဲက သူ့ကို အသေပစ်သတ်လိုက်ပါတယ်။ တရုတ်နိုင်ငံဟာ သေနတ်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်တဲ့ နိုင်ငံတခုဖြစ်ပြီး အခုလို အပြန်အလှန်ပစ်ခတ်မှုတွေက ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ နှစ်လုံးပြူးနဲ့ စတင်ပစ်ခတ်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ရွာသားဟာ နှစ်ပေါင်းများစွာ စိတ်ကစဥ့်ကလျားဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက လျောင်နင်း(Liaoning) ပြည်နယ်မှာ တရုတ်နိုင်ငံ ဗဟိုဘဏ်ဝန်ထမ်းတဦးက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ၂ ဦးကို အသေပစ်သတ်တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up