ရီးရဲလ်ကစားသမား ခီဒီရာကို ဂျူဗင်တပ် ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
1.3K
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဆာမီ ခီဒီရာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်လိုက်ပါတယ်။
ဂျာမနီလက်ရွေးစင် ကွင်းလယ်သမား ခီဒီရာဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ခီဒီရာဟာ ဂျူဗီနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူထားပါတယ်။
ခီဒီရာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အတွက် ၁၇ ပွဲပဲ ပါဝင်ကစားခွင့် ရထားပါတယ်။
သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ပါဝင်နေပါတယ်။
ခီဒီရာဟာ ဂျာမနီအသင်းအတွက် ၅၄ ပွဲ ကစားပေးထားတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
ဂျုဗင်တပ်အသင်းဟာ ဒီနှစ်ရာသီမှာ စီးရီးအေ ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ရရှိထားပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။