ရွှေဈေး ၂ သောင်းကျော်ထပ်တက်ပြီး ဈေးကွက်ပိတ်

ဒီနေ့ မနက်ပိုင်းက ၇၄၅၀၀၀ နဲ့ ဖွင့်ခဲ့တဲ့ ရွှေဈေးနှုန်းဟာ ဈေးကွက်ပိတ်ချိန်မှာတော့ ၇၆၈၀၀၀ ဖြစ်သွားတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ " ညနေ ၄ နာရီခွဲ က ဈေးကွက်ပိတ်ပါတယ်။ အ၀ယ်သန်နေတယ်"လို့ သူက ပြောပါတယ်။ ဒါဟာ ၂၄ နာရီ အတွင်း ၂၇၀၀၀ ထပ်တက်သွားတာပါ။ ရွှေဈေးဟာ ၂၀၁၃ ခုနှစ်ကနေ အခုချိန်အထိ အမြင့်ဆုံး ဈေးနှုန်းကိုရောက်နေပါတယ်။ ၂၀၁၁ ခုနှစ်ကတော့ မြန်မာ့ရွှေဈေးနှုန်းဟာ ၇၉၀ ၀၀၀ ကျော်အထိ ဖြစ်ခဲ့ဖူးတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up