A d v e r t i s e m e n t With Us

အက်ပဲလ် နည်းပညာကုမ္ပဏီ၏ တေးဂီတ၀န်ဆောင်မှုအသစ် စတင်

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာကျော် အက်ပဲလ် နည်းပညာကုမ္ပဏီကနေ ကမ္ဘာတ၀ှမ်းက သီချင်းပေါင်း သန်းနဲ့ချီပြီး လွှင့်တင် နားဆင်နိုင်တဲ့ ဒစ်ဂျစ်တယ် တေးဂီတ၀န်ဆောင်မှု အသစ်တရပ်ကို ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့မှာ စတင်လိုက်ပါတယ်။ ဇွန် ၈ ရက်နေ့ကစပြီး ဆန်ဖရန်စစ္စကိုမှာ သီတင်းတပတ်ကြာ ပြုလုပ်မယ့် Worldwide Developers Conference ရဲ့အဖွင့်မှာ ထုတ်ဖော်ကြေညာလိုက်တဲ့ အက်ပဲလ်မြူးဇစ် ၀န်ဆောင်မှု အစီအစဉ်ကို နာမည်ကျော် ရက်ပါ ဒရိတ်က်နဲ့ The Weeknd. Legendary ဂီတအဖွဲ့မှ နာမည်ကျော်ပုဂ္ဂိုလ်၊ ရုပ်ရှင်နဲ့ မှတ်တမ်းထုတ်လုပ်သူ  ဂျင်မီအိုဗိုင်းတို့လို နာမည်ကြီး အနုပညာရှင်တွေလည်း တက်ရောက် ဂုဏ်ပြုမိတ်ဆက်ကြပါတယ်။ အက်ပဲလ်ရဲ့ တေးဂီတ၀န်ဆောင်မှုဟာ Beats 1 လို့ နာမည်ပေးထားတဲ့ တနေကုန်ထုတ်လွှင့်တဲ့ ရေဒီယိုအသံလွှင့်ဌာနတခုနဲ့ iTunes ကက်တလောက်ကနေ သီချင်းတွေ အပါအ၀င် အနုပညာရှင်တွေကိုလည်း သူတို့ရဲ့ပရိသတ်တွေဆီ တေးသီချင်းတွေ တိုက်ရိုက် ဝေမျှပေးနိုင်မှာဖြစ်ပါတယ်။ အက်ပဲလ်မြူးဇစ်ရဲ့ တလစာ ၉.၉၉ ဒေါ်လာ ပမာဏဟာ အသင်းဝင်ကြေး ၃ လစာ အခမဲ့ဖြစ်ပြီး မိသားစုဝင် ၆ ယောက်အထိရှိမယ့် မိသားစုအတွက် တလကို ၁၄.၉၉ ဒေါ်လာပဲ ကုန်ကျမှာဖြစ်တယ်လို့ ကမ်းလှမ်းချက်လည်း ရှိပါတယ်။ ဒီဝန်ဆောင်မှုအသစ်ဟာ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေနဲ့ စီစဉ်ထားပြီး ၁ လကို ၁၀ ဒေါ်လာနီးပါး ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီစရိတ်ဟာ တခြားပြိုင်ဘက် နည်းပညာကုမ္ပဏီတွေနဲ့ သိပ်မကွာခြားနိုင်ပေမယ့် အက်ပဲလ်ရဲ့ နက်ရှိုင်းတဲ့ တေးဂီတ အရင်းအမြစ်တွေ၊ ကမ္ဘာကျော် အမှတ်တံဆိပ်တွေနဲ့ အိုင်ကျူးန်စ် သုံးစွဲသူပေါင်း သန်းရာနဲ့ချီ ရှိနေပါတယ်။ အက်ပဲလ်ရဲ့ တေးဂီတ၀န်ဆောင်မှု အသစ်ဟာ သီချင်းကြိုက်သူတွေ သီချင်းနားထောင်တဲ့အခါမှာ ဒေါင်းလုဒ်ယူရတဲ့ သီချင်းတွေကို ငြင်းဆန်တတ်တာမျိုးတွေကို စွမ်းအားပြောင်းလဲပေးသွားမှာဖြစ်ပြီး တေးဂီတကို ငွေပေးဝယ်ယူတဲ့ နည်းလမ်းသစ်တွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အက်ပဲလ်ရဲ့ ထုတ်ကုန်သစ်များ မိတ်ဆက်ပွဲမှာ အိုင်ဖုန်းအပေါ် သိပ်မှီခိုစရာမလိုတဲ့ စွမ်းဆောင်ရည် ပိုမြန်တဲ့ အက်ပဲလ်နာရီ၊ နောက်ထပ် အသစ်ထွက်ရှိလာမယ့် မက်ကွန်ပျုတာတွေအတွက် အလ်ကက်ပီတန်လို့ နာမည်ပေးထားတဲ့ နောက်ထပ် ဗားရှင်း OS X တို့ ပေါ်လာတော့မယ့် အကြောင်းတွေလည်း အက်ပဲလ်က ပြောသွားပါတယ်။ ဒါ့အပြင် iOS 9 လို့ ခေါ်ဆိုတဲ့ အိုင်ဖုန်းနဲ့ အိုင်ပက်တွေကို စွမ်းအားဖြည့်ပေးမယ့် ဆော့ဖ်ဝဲ ဗားရှင်းအသစ်လည်း ဒီမိုးရာသီမှာ ပေါ်လာတော့မှာဖြစ်ပြီး နောက်လ ဗြိတိန်မှာ စတင်တော့မယ့် Apple Pay ငွေချေစနစ်ကို ဆက်လက်တိုးချဲ့သွားမယ့် ကိစ္စတွေကိုလည်း ကြေညာသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up