ဆီဗီလာအသင်း နောက်ခံလူ ဗီဒယ်ကို ဘာစီလိုနာ ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
1.5K
စပိန်လာလီဂါကလပ် ဘာစီလိုနာက ဆီဗီလာအသင်း နောက်ခံလူ အဲလိပ် ဗီဒယ်ကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဗီဒယ်ကို ၅ နှစ်စာချုပ်သက်တမ်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပေမယ့် လာမယ့် ၂၀၁၆ ဇန်န၀ါရီလ မတိုင်ခင်အထိတော့ ဘာစီလိုနာအတွက် ကစားပေးနိုင်မှာ မဟုတ်သေးပါဘူး။
ဘာစီလိုနာအသင်းဟာ ကစားသမားသစ် ၀ယ်ယူတာတွေ မလုပ်ရဘူးလို့ ဥရောပဘောလုံးအဖွဲ့ချုပ်က တားမြစ်ထားတဲ့ကြားကနေ ၀ယ်ယူလိုက်တာ ဖြစ်ပါတယ်။
ဘာကာက နောက်ခံလူသစ် ဗီဒယ်ကို လက်ရှိ ဘရာဇီး ညာနောက်ခံလူ ဒါနီ အဲဗက်စ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ခေါ်ယူထားတာပါ။
အဲဗက်စ်ဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးနေပြီး သက်တမ်းတိုးနိုင်ခြင်းလည်း မရှိသေးပါဘူး။
ဗီဒယ်ဟာ ဘောလုံးသမားဘ၀ကို အက်စ်ပန်ညိုအသင်းနဲ့ စတင်ခဲ့တာပါ။
ဗီဒယ်ရဲ့ အသင်းသစ် ဘာစီလိုနာဟာ ဒီနှစ်ရာသီမှာ ချန်ပီယံလိဂ်အပါအ၀င် ဖလား ၃ လုံးကို ဆွတ်ခူးထားပါတယ်။