Home
မြန်မာသတင်း
ယနေ့ ဒေါ်လာဈေး ၅ နှစ်အတွင်း အမြင့်ဆုံး၊ ရွှေဈေး ၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်
ပိုင်စိုး
·
June 9, 2015
လက်ရှိမှာ ဒေါ်လာဈေးဟာ ၀ယ်ဈေး ၁၂၀၅ ကျပ်၊၊ ရောင်းဈေး ၁၂၀၇ ကျပ်နဲ့ အမြင့်ဆုံး စံချိန်တင်နေပါတယ်။ ဇွန်လ ၈ ရက်ညနေပိုင်းက ၁၁၉၀ နဲ့ ဈေးကွက်ပိတ်ခဲ့ပြီး ဒီနေ့မှာ ၁၅ ကျပ်ဝန်းကျင် တက်သွားခဲ့တာပါ။ ၂၀၁၁ ခုနှစ်ကနေ အခုအချိန်ထိ ဒါဟာ အမြင့်ဆုံး ဖြစ်ပါတယ်။ “ကျနော်တို့ဆီမှာတော့ အရောင်းအ၀ယ်ပါးနေတယ်။ အပြင်ဈေးနဲ့ တအားကွာနေလို့ပါ။ ပြီးတော့ တကယ်သုံးစွဲမယ့်သူတွေကိုပဲ ရောင်းပေးပါတယ်။” လို့ CB ဘဏ် Money Changer တာဝန်ခံ ကိုကျော်သူကိုက ဒီဗွီဘီကို ပြောပါတယ်။ ဘဏ်ရဲ့ အ၀ယ်ဈေးက ၁၁၁၃ ကျပ်ဖြစ်ပြီး အရောင်းဈေးက ၁၁၁၄ ကျပ်ပါ။ ရွှေဈေးနှုန်းကလည်း ၂၀၁၃ ခုနှစ်ကနေ အခုချိန်အထိ အမြင့်ဆုံးဈေးနှုန်းကို ရောက်နေပါတယ်။ မနေ့ ဇွန် ၈ ရက်ညနေက ၇၄၁၀၀၀ ကျပ်နဲ့ ပိတ်ခဲ့ပြီး ဒီနေ့ ဈေးကွက်ဖွင့်ချိန်မှာတော့ ၇၄၅၀၀၀ ကျပ် ဖြစ်သွားတာပါ။ “ကမ္ဘာ့ရွှေဈေးက သိပ်အပြောင်းအလဲ မရှိပါဘူး။ ငွေဈေးနှုန်းကြောင့် တက်နေတာပါ။” လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း စည်းရုံးရေးမှူး ဦးအေးချိုက ပြောပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကတော့ မြန်မာ့ရွှေဈေးနှုန်းဟာ ၇၉၀၀၀၀ ကျော်အထိ ဖြစ်ခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024