မန်ချက်စတာယူနိုက်တက် ကမ္ဘာ့တန်ဖိုးအရှိဆုံး ကလပ်အသင်း ဖြစ်လာ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကလပ်အသင်း ဖြစ်လာခဲ့ပြီး သူ့ရဲ့ အမှတ်တံဆိပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ တန်တဲ့ ပထမဆုံး အားကစား အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ၂ ရာသီဆက်တိုက် ဖလားလက်မဲ့ ဖြတ်သန်းခဲ့ရပေမယ့် ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ စပိန် ရီးရဲလ်မက်ဒရစ်တို့ကို ကျော်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘောလုံးအားကစား အမှတ်တံဆိပ် ဖြစ်လာခဲ့ပါတယ်။ ဝါရင့်နည်းပြ ဖာဂူဆန်ရဲ့ နေရာကို ဆက်ခံတဲ့ ဒေးဗစ်မိုရက်စ်လက်ထက်မှာ မန်ယူရဲ့ အောင်မြင်မှုနဲ့ တန်ဖိုးဟာ ထိုးကျသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့နောက် တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့တာပါ။ လက်ရှိနည်းပြ ဗန်ဟားလ်ရဲ့ ပထမဆုံးရာသီမှာ ဖလားမရခဲ့ပေမယ့် မန်ယူရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ရှိလာခဲ့ပြီး ပထမနေရာကို ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်၊ လာလီဂါနဲ့ စပိန်ဘုရင့်ဖလားတွေကို ရရှိခဲ့တဲ့ ဘာစီလိုနာရဲ့ အမှတ်တံဆိပ်ကတော့ မန်စီးတီး၊ ချဲလ်ဆီးတို့ရဲ့နောက် အဆင့် ၆ နေရာကို ထိုးကျသွားခဲ့ပါတယ်။ ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ အာဆင်နယ်က အဆင့် ၇၊ လီဗာပူးလ်က အဆင့် ၈၊ ပီအက်စ်ဂျီက အဆင့် ၉၊ တော့တင်ဟမ်ဟော့စပါးအသင်းက အဆင့် ၁၀ နဲ့ ဂျူဗင်တပ်က အဆင့် ၁၁ မှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up