A d v e r t i s e m e n t With Us

မက္ကဆီကို ရွေးကောက်ပွဲ မငြိမ်မသက်ဖြစ်၊ မဲစာရွက်များ မီးရှို့ဆန္ဒပြ (ရုပ်သံ)

မက္ကဆီကိုမှာ မစ်ဒ်တမ်းရွေးကောက်ပွဲကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ကျင်းပခဲ့ပြီး မငြိမ်မသက်ဖြစ်နေတဲ့ ဂါရီယိုပြည်နယ်မှာတော့ ဆန္ဒပြသမားတွေက မဲစာရွက်တွေကို မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသမားတွေဟာ မဲရုံဆီကို သွားတဲ့လမ်းကိုလည်း ပိတ်ဆို့ထားခဲ့ကြပါတယ်။ ဂါရီယို ပြည်နယ်မှာ မနှစ် စက်တင်ဘာလတုန်းက ဆရာအတတ်သင် ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးခဲ့တဲ့ဒေသ ဖြစ်ပါတယ်။ သတင်းတွေအရ မဲပေါင်း ၁၄ လုံးကို ဆန္ဒပြသမားတွေက ယူသွားပြီး လမ်းမပေါ်မှာ မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ အာဏာပိုင်တွေက တစ်စလာ နယ်မြေမှာ ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ ဆန္ဒပြသမားတယောက်က သူတို့ မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲမဖြစ်အောင် တားဆီးနိုင်လိုက်တာဟာ သမိုင်းဝင် အောင်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ ဇွန် ၇ ရက်နေ့ ရွေးကောက်ပွဲဟာ ပြည်နယ် ၉ ခုရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်နယ်နဲ့ စည်ပင် အရာရှိ ၁၀၀ ကျော်ကို ရွေးချယ်တာပါ၊ ဒါပေမယ့် ရွေးကောက်ပွဲအကြိုကာလမှာကတည်းက အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပြီး မဲဆွယ်တဲ့ကာလမှာ ကိုယ်စားလှယ်လောင်း ၇ ယောက်နဲ့ မဲအောင်နိုင်ရေး အရာရှိ ၉ ယောက်လောက် အသတ်ခံခဲ့ရပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ပြည်တွင်းရေး မငြိမ်သက်မှုတွေနဲ့ လူမိုက်ဂိုဏ်းတွေက သောင်းကျန်းနေတာကို ထိန်းမပေးနိုင်တဲ့ အစိုးရဟာ ဝေဖန်ခံနေရပါတယ်။ အခု ရွေးကောက်ပွဲဟာလည်း  စီးပွားရေး ဖွံ့ဖြိုးရေး ကတိက၀တ်နဲ့ ၂၀၁၂ ခုနှစ်မှာ တက်လာတဲ့ လက်ရှိ သမ္မတ အင်းနရစ် ပီနာ နီရက်တို နဲ့ သူ့အစိုးရအပေါ် လူထုထောက်ခံမှု ဘယ်လောက်ရှိသလဲဆိုတာကို ဆန္ဒခံယူပွဲ သဘောလည်း ဆောင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up