ဘန်လေတိုက်စစ်မှူး ဒန်နီအင့်စ်ကို လီဗာပူး ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
2.1K
လီဗာပူးအသင်းက ဘန်လေတိုက်စစ်မှူး ဒန်နီ အင့်စ်ကို လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု လိုက်ပါတယ်။
ဘန်လေအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ တိုက်စစ်မှူး အင့်စ်ဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ လီဗာပူးအသင်းနဲ့အတူ ဆေးစစ်မှုခံယူမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ နှစ်သင်းစလုံးက ဖော်ပြတာ မရှိသေးပါဘူး။
အသက် ၂၂ နှစ်အရွယ် အင့်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ အသင်းအတွက် ၁၁ ဂိုး သွင်းယူပေးထားပေမယ့် ဘန်လေကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပါတယ်။
တိုက်စစ်မှူး အင့်စ်ဟာ ဒီနှစ်နွေရာသီမှာ လီဗာပူးက ဒုတိယမြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အန်ဖီးလ်အခြေစိုက် လီဗာပူးအသင်းဟာ မန်စီးတီး ကွင်းလယ်သမား ဂျိမ်းစ်မီလ်နာကို ခေါ်ယူထားပါတယ်။