ဖီဖာ ဒု-ဥက္ကဋ္ဌဟောင်း ဂျက်ဝါနာကို ရန်ပုံငွေ အလွဲသုံးစားမှုနဲ့ စစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဒု-ဥက္ကဋ္ဌဟောင်း ဂျက် ၀ါနာကို အမေရိကန် အာဏာပိုင်တွေက ရန်ပုံငွေ အလွဲသုံးစားမှုနဲ့ စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က ဟေတီနိုင်ငံ ငလျင်ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၇ သိန်းခွဲ ပျောက်ဆုံးမှုနဲ့ ဂျက်ဝါနာကို အမေရိကန်က စစ်ဆေးနေတာပါ။ ဝါနာဟာ ဟေတီမှာ ငလျင်ဒဏ် ခံရသူတွေအတွက်  ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်တို့ကနေ ငွေလှူကြဖို့ ဆော်သြခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် အမှုလိုက်အရာရှိတွေက မစ္စတာဝါနာက ဒီငွေတွေကို သူ့ဘဏ်စာရင်းတွေထဲ လွှဲပြောင်းပြီး ကိုယ်ကျိုးအတွက် သုံးပစ်တယ်လို့ ပြောပါတယ်။ ဒီငွေတွေဟာ ၄ နှစ်ကြာတဲ့အထိ ဘယ်ရောက်နေတယ်ဆိုတာ ရှာလို့မရဖြစ်နေပြီး မစ္စတာ ဝါနာကတော့  သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ သူဟာ ဖီဖာ ဒု-ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေစဉ် ၂၀၁၀ ကမ္ဘာ့ဖလားမှာ တောင်အာဖရိကနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့အတွက် ဒေါ်လာ ၁၀ သန်း လာဘ်ငွေယူခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up