A d v e r t i s e m e n t With Us

ဆီးဂိမ်း ဂျူဒိုပြိုင်ပွဲ မြန်မာ ရွှေတခုနှင့် ငွေတခု ထပ်ရ

ဇွန်လ ၈ ရက်နေ့က ကျင်းပတဲ့ စင်ကာပူနိုင်ငံက ဆီးဂိမ်းပြိုင်ပွဲ ဂျူဒိုအားကစားနည်းမှာ မြန်မာက ရွှေတခုနဲ့ ငွေတခု ထပ်မံရရှိသွားပါတယ်။ 11407248_1094527863897298_2528432184857619103_nအမျိုးသမီး ဂျူဒိုပြိုင်ပွဲ ပထမ ရွှေတံဆိပ်ဆုကို မြန်မာက ခင်မျိုးသူက ၇၈ ကီလိုတန်းမှာ ရရှိသွားတာဖြစ်ပြီး ထိုင်းက ဒုတိယ ငွေတံဆိပ်ဆု၊ မလေးရှားနဲ့ ဗီယက်နမ်က တတိယ ကြေးတံဆိပ်ဆုတွေ ရသွားပါတယ်။ အမျိုးသား ဂျူဒိုပြိုင်ပွဲ ကီလို ၁၀၀ တန်းမှာတော့ ထိုင်းက ပထမရွှေတံဆိပ်၊ မြန်မာက ဇင်လင်းအောင်က ဒုတိယငွေတံဆိပ်နဲ့ စင်ကာပူနဲ့ လာအိုက ကြေးတံဆိပ် အသီးသီး ရရှိသွားပါတယ်။ ဒီကနေ့ ညနေ မြန်မာစံတော်ချိန် ညနေ ၆ နာရီလောက်အထိ မြန်မာက ရွှေ ၈ ခု၊ ငွေ ၁၁ ခု၊ ကြေး ၁၅ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၆ မှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up