A d v e r t i s e m e n t With Us

ယူကရိန်း ကင်းလှည့်စက်လှေ ပေါက်ကွဲမီးလောင်၊ တပ်ဖွဲ့ဝင် ၇ ဦး ကယ်ဆယ်ရရှိ

ဓာတ်ပုံ - ရိုက်တာ
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက မာရီယူပို (Mariupol) ဆိပ်ကမ်းမြို့ ကမ်းလွန်မှာ ဇွန် ၇ ရက်နေ့က ယူကရိန်း ကင်းလှည့်စက်လှေတစီး ပေါက်ကွဲမီးလောင်မှုဖြစ်လို့ တပ်ဖွဲ့ဝင် ၇ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ရပါတယ်။ လောလောဆယ် ကင်းလှည့်တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိပြီး ဘာကြောင့် ပေါက်ကွဲမီးလောင်ခဲ့တယ် ဆိုတာတော့ မရှင်းသေးဘူးလို့ နယ်ခြားစောင့်တပ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ “ပေါက်ကွဲမှုက အတော့်ကို ကျယ်လောင်တဲ့အတွက် ရပ်ထားတဲ့ကားတွေ အတော်များများ သတိပေးသံတွေ ထွက်ပေါ်ခဲ့တယ်။ မီးတောက်ကို မတွေ့ရပေမယ့် မီးခိုးမည်းမည်းတွေကို တွေ့မြင်ရတယ်လို့။” လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။ မာရီယူပိုမြို့ဟာ ရုရှားနိုင်ငံနဲ့ရော၊ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေနဲ့ အစိုးရတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ပါ နီးကပ်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ခွဲထွက်ရေးသူပုန်တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရတဲ့မြို့လည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up