အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဂျာမနီနှင့် နော်ဝေ ဂိုးပြတ်နိုင်

1.6K
ကနေဒါမှာ ဇွန် ၈ ရက်က ဆက်လက်ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု ဘီ ပွဲစဉ်တွေမှာ နော်ဝေက ထိုင်းအသင်းကို ၄-၀ ဂိုး၊ ဂျာမနီက အိုင်ဗရီကို့စ်ကို ၁၀-၀ ဂိုးနဲ့ အသီးသီး ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။
ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှက ထိုင်းအမျိုးသမီးတသင်းတည်း ၀င်ပြိုင်ခွင့်ရတာဖြစ်ပြီး ထိုင်းအသင်းဟာ ခြေစစ်ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းကို အနိုင်ယူပြီး ခြေစစ်ပွဲ အောင်သွားခဲ့တာပါ။
လာမယ့် ဇွန်လ ၉ ရက်နေ့မှာတော့ အုပ်စု စီက ကင်မရွမ်းနဲ့ အီကွေဒေါ၊ ဂျပန်နဲ့ ဆွစ်ဇာလန်၊ အုပ်စု ဒီက ဆွီဒင်နဲ့ နိုင်ဂျီးရီးယား၊ အမေရိကန်နဲ့ သြစတြေးလျတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။