A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံယာဉ်တိုက်မှု ဟောင်ကောင်ခရီးသွား ၃ ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေ အပန်းခြေကမ်းခြေမြို့ဖြစ်တဲ့ ချာအမ်းမြို့နယ်ထဲမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုကြောင့် ဟောင်ကောင်ကမ္ဘာ လှည့်ခရီးသွား ၃ ဦးနဲ့  ထိုင်းယာဉ်မောင်းတဦး သေဆုံးသွားပါတယ်။ ဘန်ကောက်မြို့ကနေ  ချအမ်းကိုအသွား ကားမတော်တဆမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး  ကားပေါ်မှာ ယာဉ်မောင်းအပါအ၀င် စုစုပေါင်း ခရီးသည် ၇ ဦးပါဝင်တယ်လို့ ထိုင်းရဲအရာရှိတွေက ဆိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ပြောပြချက်တွေအရ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ဗင်ကားဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ ဟောင်ကောင်ကမ္ဘာလှည့်ခရီးသွား အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းတဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ထိုင်းရဲအရာရှိတွေက ပြောပါတယ်။ အသက်လေးနှစ်အရွယ် ကလေးတဦး အပါအ၀င် အခြားလူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေပါတယ်။ ရဲတွေက ဘာကြောင့် ယာဉ်မတော်တဆမှု ဖြစ်ရတယ်ဆိုတာကို ဆက်လက်စုံစမ်းသွားမယ်လို့ ဆိုပါတယ်။ ချာအမ်းခရိုင်ဟာ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေကြား ထင်ရှားတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ကမ်းခြေမြို့တမြို့ဖြစ်ပြီး ဘန်ကောက်မြို့ တောင်ဘက် မိုင် ၁၁၀ ကျော်လောက် အကွာအဝေးမှာ တည်ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up