A d v e r t i s e m e n t With Us

ပြင်သစ်အိုးပင်း အမျိုးသားပြိုင်ပွဲ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ် ရှုံးနိမ့်

ပြင်သစ်နိုင်ငံ ပဲရစ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်း အမျိုးသား တဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ရဲ့ ၂၈ ပွဲတိတိ ရှုံးပွဲမရှိစံချိန်ကို ဆွစ်ဇာလန်နိုင်ငံသား စတန်နစ်လပ် ဝေါ်ဝင်ကာက အဆုံးသတ်ပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ အသက် ၃၀ အရွယ် ဝေါ်ဝင်ကာက ပထမပွဲကို ၆ - ၄ နဲ့ ရှုံးပေမယ့် နောက်ပိုင်းမှာ ၃ ပွဲဆက်တိုက် အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားတာပါ။ အသက် ၂၈ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။ ဝေါ်ဝင်ကာအတွက်တော့ ပြင်သစ်အိုးပင်း ဂရန်းစလန်းချန်ပီယံ ဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up