A d v e r t i s e m e n t With Us

မလေးငလျင်ကြောင့် သေဆုံးသူ ၁၆ ဦးအထိရှိကြောင်း အာဏာပိုင်များ အတည်ပြု

မလေးရှားနိုင်ငံမှာ အမြင့်ဆုံး တောင်ဖြစ်တဲ့ ကီနာဘူလူ တောင်ပေါ်ဒေသမှာ အင်အားပြင်းတဲ့  ငလျင်ကြောင့် မြေပြိုမှု၊ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် သေဆုံးသူ ၁၆ ယောက်အထိ အတည်ပြုနိုင်ပြီလို့ အာဏာပိုင်တွေက ဇွန်လ ၇ ရက်နေ့မှာ ပြောပါတယ်။ နောက်ထပ် ၂ ယောက် ပျောက်ဆုံးနေဆဲပဲလို့ တောင်ပေါ် ဒေသမှာ ကိုယ်တိုင်ရောက်နေတဲ့ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး မာစီဒီ က  သတင်းထောက်တွေကို ပြောပါတယ်။ အခုအထိ အတည်ပြုနိုင်တဲ့ စာရင်းအရ မလေးရှား ၆ ယောက်၊ စင်ကာပူ ၇ ယောက်၊ ဖိလစ်ပိုင်  ၁ ယောက်၊ တရုတ် ၁ ယောက်၊ ဂျပန် ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ရှာဖွေရေး လုပ်ငန်းတွေကို ဇွန်လ ၈ ရက်နေ့မှာလည်း ဆက်လုပ်မှာ ဖြစ်ပါတယ်။ ဇွန်လ ၅ ရက်နေ့က ငလျင်လှုပ်တဲ့အချိန်က ၁၆ နိုင်ငံက တောင်တက်သမား ၁၃၀ ကျော် ပိတ်မိခဲ့ပြီး နောက်တော့ တောင်ပေါ်ကနေ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။ စင်ကာပူမှာတော့ ဇွန်လ ၈ ရက်နေ့ကို ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေညာထားပြီး အလံကို တိုင်ဝက်ချ လွှင့်ထူဖို့ ၀န်ကြီးချုပ်ရုံးက ညွန်ကြားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up