ရုရှားနှင့် ကာတာ အိမ်ရှင်အဖြစ် ဆုံးရှုံးနိုင်ဟု ဖီဖာ ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားနဲ့ ကာတာနိုင်ငံက ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားတာ ဆုံးရှုံးနိုင်တယ်လို့ ဖီဖာရဲ့ တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ တကယ်လို့ အဲဒီ ၂ နိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ လာဘ်ပေးခဲ့တာကို သက်သေအထောက်အထားနဲ့ တင်ပြလာရင် အိမ်ရှင်အဖြစ်ကနေ လက်လွှတ်ရနိုင်တယ်လို့ ဖီဖာရဲ့ စာရင်းစစ်ချုပ်တဦးဖြစ်တဲ့ ဒိုမီနီကို စကာလာက ပြောပါတယ်။ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှား၊ ၂၀၂၂ ပြိုင်ပွဲကိုတော့ ကာတာနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားပါတယ်။ ဖီဖာ တာဝန်ရှိသူတွေကြားက ငွေကြေး အရှုပ်တော်ပုံကြောင့် ထိပ်တန်း တာဝန်ရှိပုဂ္ဂိုလ် ၇ ဦးကို ပြီးခဲ့တဲ့လက ဆွစ်ဇာလန်မှာ အမေရိကန် ထောက်လှမ်းရေးတွေက ဖမ်းဆီးထားပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာလည်း ရာထူးကနေ ၅ ကြိမ်မြောက် အရွေးခံရပြီးမှ နုတ်ထွက်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up