မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
A
d
v
e
r
t
i
s
e
m
e
n
t
With Us
မြန်မာအသင်း အကောင်းဆုံးခြေစွမ်းဖြင့် ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်
မြန်မာအသင်းနဲ့ ဖိလစ်ပိုင်အသင်းတို့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယ ပွဲစဉ်အဖြစ် ဒီနေ့ ယှဉ်ပြိုင်ကစားရာ မြန်မာယူ ၂၃ အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဇွန် ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ မြန်မာယူ ၂၃ အသင်းဟာ အနီရောင်ဂျာစီကို ၀တ်ဆင်ပြီး ဖိလစ်ပိုင်အသင်းကတော့ အဖြူရောင်ဂျာစီကို ၀တ်ဆင်ကစားပါတယ်။ ဒီနေ့ပွဲမှာလည်း စင်ကာပူရောက် မြန်မာပရိသတ်တွေ တခဲနက်လာအားပေးကြပါတယ်။ ပွဲအစ ၁ မိနစ်မှာပဲ ဖိလစ်ပိုင်အသင်းက အပေးအယူလုပ်ပြီး မြန်မာဂိုးရှေ့မှာ ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာ မြန်မာအသင်း တိုက်စစ်မှူး ကောင်းဆက်နိုင် ထိုးဖောက်လာပြီး ဘယ်ဘက်ခြမ်းကို ထိုးပေးခဲ့ပေမယ့် မြန်မာအသင်း ကစားသမားတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၅ ဘောလုံးဆွဲလာပြီး ဘယ်ဘက်အခြမ်းက ကျောနံပါတ် ၂၀ ရှိုင်းသူကို ထိုးပေးခဲ့ပြီး ရှိုင်းသူရ ဂိုးရှေ့ကို တင်ပေးခဲ့ပေမယ့် ဖိလစ်ပိုင်နောက်တန်းက အဖျက်ဦးသွားတဲ့အတွက် အခွင့်အရေးတခု ဆုံးရှုံးခဲ့ရပါတယ်။ ဒီနောက် မြန်မာအသင်းကပဲ ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် မြန်မာတိုက်စစ်မှူး ရှိုင်းသူရ ကန်သွင်းချက် အနည်းငယ်လွဲချော်သွားလို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၁၇ မိနစ်မှာ မြန်မာအသင်း ညာဘက်ခြမ်းက အပြင်းကန်တင်းလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ရှိုင်းသူရ ကန်သွင်းရာမှာ ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၁၇ မှာတော့ ဖိလစ်ပိုင်အသင်းက ကျောနံပါတ် ၂၇ တကိုယ်တော် ထိုးဖောက်လာပြီး မြန်မာဂိုးဧရိယာ အစပ်က အပြင်းကန်သွင်းကာ ဖိလစ်ပိုင်အသင်းအတွက် အဖွင့်ဂိုး သွင်းယူပါတယ်။ ပွဲချိန် ၂၀ မိနစ်မှာ မြန်မာအသင်းက အသင်းခေါင်းဆောင် နေလင်းထွန်းကို ဖိလစ်ပိုင် ကစားသမား ဖျက်ထုတ်ပုံကြမ်းတဲ့အတွက် ဖိလစ်ပိုင် ဂိုးဧရိယာအစပ်မှာ ပြစ်ဒဏ်ဘော ကန်သွင်းခွင့် ရခဲ့ရာ အသင်းခေါင်းဆောင် နေလင်းထွန်းကိုယ်တိုင် ကန်သွင်းပြီး ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် မြန်မာအသင်းကပဲ ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမယ့် အနည်းငယ် လွဲချော်နေလို့ ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၂၄ မိနစ်မှာ မြန်မာအသင်းက ပထမဆုံး ထောင့်ကန်ဘောရပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဖိလစ်ပိုင်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်ဘက်ကစားသမားတွေ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားခဲ့လို့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ မြန်မာတိုက်စစ်မှူး ကောင်းဆက်နိုင် ဖိလစ်ပိုင်ဂိုးဧရိယာ ညာဘက်အစပ်က ကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘော ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာ မြန်မာအသင်း ညာဘက်ခြမ်းက ဖိလစ်ပိုင်ဂိုးရှေ့ ဖြတ်တင်ပေးခဲ့ပေမယ့် မြန်မာတိုက်စစ်မှူး အသုံးမချနိုင်ခဲ့ပါဘူး။ ဒီနောက် မြန်မာကစားသမားတွေ ဆက်တိုက်ဆိုသလို ထိုးဖောက်တိုက်စစ်ဆင်ပြီး ဂိုးသွင်းဖို့ကြိုးစားခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ ပွဲချိန် ၃၇ မိနစ်မှာ ဖိလစ်ပိုင်အသင်းက ကျောနံပါတ် ၃ ကို မြန်မာကစားသမား ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် မြန်မာဂိုးဧရိယာအစပ်မှာ ပြစ်ဒဏ်ဘော ပေးခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို ဖိလစ်ပိုင်အသင်းက ကျောနံပါတ် ၁၄ ကန်သွင်းခဲ့ရာ မြန်မာဂိုးသမား ဖမ်းလို့မမိဘဲ ပြန်အန်ထွက်လာပေမယ့် မြန်မာနောက်တန်းက အကောင်းဆုံး ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ၄၂ နှစ်မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၂၀ ရှိုင်းသူရ ဖိလစ်ပိုင် ဂိုးသမား အရှေ့ကို ကျွံထွက်နေတာကို အခွင့်ကောင်းယူပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲချိန်တလျှောက် ဆက်တိုက်ဆိုသလို ထိုးဖောက်တိုက်စစ်ဆင်ပြီး ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးတဲ့အထိ နောက်ထပ် ဂိုးမသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေကျသွားပါတယ်။ ဒုတိယပိုင်း ပွဲစလျှင် စချင်း မြန်မာအသင်း ညာဘက်ခြမ်းက နေလင်းထွန်း ဂိုးရှေ့တင်ပေးတဲ့ဘောလုံးကို တိုက်စစ်မှူး ရှိုင်းသူရ အပိုင်ကန်သွင်းယူပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်ဖက်အသင်း ကစားသမားတွေ အပြန်အလှန် ထိုးဖောက်ကစားကြတဲ့အတွက် ပွဲဟာ ကြည့်ကောင်းခဲ့သလို ကစားသမားတွေ မကြာခဏ ထိခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ မြန်မာအသင်းအတွက် ပထမဂိုးသွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် နေလင်းထွန်းအစား သီဟဇော် ၀င်ရောက်ကစားပါတယ်။ ဒီ့နောက် မြန်မာအသင်းကပဲ ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့လို့ ဖိလစ်ပိုင်ဂိုးသမားနဲ့ နောက်ခံကစားသမားတွေ အတင်းဖျက်ထုတ်နေရပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ မြန်မာကစားသမားတွေ ထိုးဖောက်ကစားလာပြီး ကျောနံပါတ် ၂၀ သီဟဇော် ဖိလစ်ပိုင် ဂိုးဧရိယာထိပ်က အပြင်းကန်သွင်းခဲ့ပေမယ့် ဖိလစ်ပိုင် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ ထောင့်ကန်ဘော ဖြစ်ခဲ့ပြီး အဲဒီထောင့်ကန်ဘောကတဆင့် မြန်မာအသင်း ကျောနံပါတ် ၂၆ ရဲဝင်းအောင်က ကန်သွင်းယူခဲ့လို့ မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ပွဲချိန်တော်တော်များများ မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ဖိကစားနိုင်ခဲ့ပြီး ဖိလစ်ပိုင်ကစားသမားတွေ ဖျက်ထုတ်ပုံ ကြမ်းတမ်းတဲ့အတွက်လည်း မကြာခဏ ပြစ်ဒဏ်ဘောတွေ ရခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ မြန်မာနောက်တန်းက အပြင်းကန်တင်ပေးတဲ့ ဘောလုံးကို ဖိလစ်ပိုင်ဂိုးသမား ရှေ့ထွက်ကာကွယ်ခဲ့ပေမယ့် လွဲချော်ခဲ့ပြီး မြန်မာအသင်းက ကျောနံပါတ် ၅ စည်သူအောင် ဘောလုံးရယူ ကန်သွင်းခဲ့လို့ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၁၄ အစား ဖြိုးကိုကိုသိန်းအစား ကျောနံပါတ် ၁၃ ဟိန်းကိုကို ၀င်ရောက်ကစားပါတယ်။ စတုတ္ထဂိုး ပေးလိုက်ရပြီးနောက် ဖိလစ်ပိုင်အသင်းက ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့် မြန်မာအသင်း ကစားသမားတွေ ဖျက်ထုတ်ကာကွယ်နိုင်ခဲ့သလို မြန်မာအသင်း တိုက်စစ်ကိုလည်း ဖိလစ်ပိုင်က ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာ ဖိလစ်ပိုင်အသင်း မြန်မာအသင်းဘက်ခြမ်းမှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ကျောနံပါတ် ၅ ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ပွဲချိန်တလျှောက် ကစားအားမချဘဲ ဖိလစ်ပိုင် အသင်းကို တောက်လျှောက် ဖိအားပေး ကစားသွားခဲ့ပါတယ်။ ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ မြန်မာအသင်းက ကျောနံပါတ် ၁၂ ကျော်ဇင်လွင်က ဖိလစ်ပိုင်ဂိုးဧရိယာအစပ်က အပြင်းကန်သွင်းပြီး ပဉ္စမဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒီ့နောက် တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ မြန်မာက ဖိလစ်ပိုင်ကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (က) မှာ အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ အိမ်ရှင်စင်ကာပူကို ၂-၁ ဂိုး၊ ဖိလစ်ပိုင်အသင်းကို ၅-၁ ဂိုးတို့နဲ့ အနိုင်ရရှိထားပြီး သုံးပွဲကစား သုံးပွဲနိုင်၊ ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကမ္ဘောဒီးယားနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Zaw Yan San Facebook
Tags
ရွှေတံဆိပ်ရယူပေးရန် မြန်မာ ယူ ၂၃ ကို ဦးဇော်ဇော် တိုက်တွန်း (သတင်းဓာတ်ပုံ)
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up