A d v e r t i s e m e n t With Us

ဂျာမနီနိုင်ငံ G7 ထိပ်သီးအစည်းအဝေး ဟိုတယ်ဝန်းကျင် လုံခြုံရေး အထပ်ထပ်ချ

ကမ္ဘာ့စက်မှုအင်အားကြီး G7 ထိပ်သီးအစည်းအဝေးကျင်းပမယ့် ဂျာမနီနိုင်ငံ၊ ဘာဗာရီယံ အပ်စ် Bavarian Alps တောင်တန်းပေါ်က ရှလော့စ် အယ်မူ Schloss Elmau ဟိုတယ်ကြီး ပတ်ဝန်းကျင်မှာ ဇွန် ၇ ရက်နေ့က လုံခြုံရေးအထပ်ထပ်ချထားပါတယ်။ ဟိုတယ်ပတ်ဝန်းကျင် ၁၆ ကီလိုပတ်လည်ကို လုံခြုံရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ဖြတ်သန်းသွားလာတဲ့ သူတိုင်း၊ ကားတိုင်းကို လုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒီထိပ်သီးအစည်းအဝေးကျင်းပမယ့် ဟိုတယ်အနီးမှာ G7 ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ခဲ့လို့ လုံခြုံရေးအင်အား ၁၇၀၀၀ လောက်တိုးမြှင့်ချထားခဲ့ပါတယ်။ အစည်းအဝေးကျင်းပတဲ့နေရာနဲ့ အနီးဆုံးမြို့မှာ စနေနေ့က လူ ၁ သောင်းလောက် ဆန္ဒပြခဲ့ကြပါတယ်။ G7 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ အိုဘားမားအပါအ၀င် စက်မှုအင်အားကြီး နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ပြီး နိုင်ငံခြားရေးမူဝါဒတွေ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးမူဝါဒတွေ ဆွေးနွေးချမှတ်ကြမှာပါ။ အိမ်ရှင်ဂျာမနီအစိုးရရဲ့ ထုတ်ပြန်ချက်အရ G7 ခေါင်းဆောင်တွေ ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေးနဲ့ စားသုံးကုန်စံသတ်မှတ်ရေးတွေ နဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ ဖော်ပြပါတယ်။ [gallery ids="96476,96475,96474,96473,96472,96471"]

A d v e r t i s e m e n t With Us

More News
Up