Home
မြန်မာသတင်း
လှေစီးဒုက္ခသည်များကို နိုင်ငံသားစိစစ်မှု ပြုလုပ်
DVB
·
June 7, 2015
ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် မိုဟာမက်မဟာဘူ ဘာရာမန ဦးဆောင်တဲ့အဖွဲ့နဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းဦးဆောင်တဲ့အဖွဲ့တို့ဟာ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက လှေစီးဒုက္ခသည်တွေကို  နိုင်ငံသားစိစစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါကတော့ ယာယီရွှေ့ပြောင်းထားရှိတဲ့  ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြို(လက်ဝဲ)မြို့အနီးက  မှတ်တိုင်(၃၇)စခန်းကို သွားရောက်ပြီးတော့ လှေစီးဒုက္ခသည်တွေရဲ့  ကိုယ်ရေးအချက်အလက်တွေကို  တိုက်ဆိုင် စစ်ဆေးတာတွေ၊ နိုင်ငံသားမှန်ကန်မှု ရှိ/မရှိ မေးမြန်းစိစစ်တာတွေ ပြုလုပ်ခဲ့ကြတာလို့ အစိုးရမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ့လို စစ်ဆေးပြီးတော့ သူတို့  မူလလာရောက်ခဲ့တဲ့ နေရာတွေကို အခုရက်ပိုင်းအတွင်း အမြန်ပြန်လည်လွှဲပြောင်း ပို့ဆောင်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်ပအခြေစိုက်မြန်မာမီဒီယာတခုရဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံမေးမြန်းရာမှာတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ကြောင်းနဲ့ သူတို့ ဥပုဒ်လမတိုင်ခင် နေရပ်ကို အမြန်ပြန်ချင်ကြောင်း၊ မြန်မာအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024