ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ စရီနာ ဗိုလ်စွဲ
ပဲရစ်မှာ ဇွန်လ ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်က ချက်နိုင်ငံသူ လူစီ ဆာဖာရိုဗာကို အနိုင်ရ သွားပါတယ်။
အသက် ၃၃ နှစ်အရွယ် အမေရိကန်သူက ပထမပွဲမှာ ၆ - ၃ နဲ့ အနိုင်ရပြီး ဒုတိယပွဲမှာ အဆုံးအဖြတ် Tie Break အထိ သွားခဲ့ရပြီး ၇ - ၆ နဲ့ အရှုံးပေး လိုက်ရပါတယ်။ နောက်ဆုံးပွဲမှာ လက်စွမ်းပြပြီး အမှတ်ပြတ် ၆ - ၂ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။
ပြင်သစ်အိုးပန်း ချန်ပီယံဆုဟာ ကမ္ဘာ့နံပါတ်တစ် စရီနာအတွက် တတိယအကြိမ်မြောက် ရယူနိုင်တာပါ။
အခုရတဲ့ ပြင်သစ်အိုးပန်း ဂရန်စလန်း ချန်ပီယံဆုဖလားဟာ စရီနာအတွက်တော့ ကစားသမား သက်တမ်းအတွင်းမှာ အကြိမ် ၂၀ မြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - Rolandgarros.com
[gallery ids="96416,96417,96418"]