ရုရှားစတန့်သမား ဂျီးရပ်ခ်တောင်ပေါ်ကနေ တောင်ပံတပ်ဝတ်စုံဖြင့် ခုန်ချပြ (ရုပ်သံ)




1.7K
လေကြောင်းစတန့်တွေ အတွဲလိုက် လုပ်ပြခဲ့ဖူးတဲ့ အသက် ၅၀ အရွယ် ရုရှား အားကစားသမား ဗယ်လာရီ ရိုဇော့ဗ်ဟာ တောင်ပံတွေတပ်ထားတဲ့ ဝတ်စုံကိုဝတ်ပြီး ရုရှမြောက်ပိုင်း ကော့ကေးဆပ်တောင်ကြား ဂျီးရပ်ခ်တောင်ပေါ်ကနေ ခုန်ချ ပြခဲ့ပါတယ်။
တောင်ပေါ်ကနေ အကြောက်အလန့်မရှိ ခုန်ချပြီး မတ်စောက်တဲ့ တောင်ကြားတလျှောက် ပျံသန်းရင်း နောက်ဆုံး မြေပေါ်ကို လေထီးနဲ့ ဘေးကင်းကင်း ဆင်းသက်ခဲ့ပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဇွန် ၃ ရက်နေ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။
အမြင့်မီတာ ၁၂၀၀ လောက်က ခုန်ချခဲ့တာ ဖြစ်ပြီး လေထဲမှာ ၁ မိနစ်လောက် အလွတ်ကျဆင်းခဲ့တာပါ။
ဖေဖော်ဝါရီလကလည်း ရိုဇော့ဗ်ဟာ သီးခြားရပ်တည်နေတဲ့ တောင်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ကီလီမန်ဂျာရိုတောင်ရဲ့အမြင့် မီတာငါးထောင်လောက်ကနေ ပထမဆုံးအကြိမ် ခုန်ချခဲ့ပါသေးတယ်။
[gallery ids="96323,96324,96325,96326"]