Home
မြန်မာသတင်း
စခရင်ကို စိုက်ကြည့်လိုက်ရုံဖြင့် ဖွင့်ပေးနိုင်မည့် စမတ်ဖုန်း
DVB
·
June 6, 2015
စခရင်ကို စိုက်ကြည့်လိုက်ရုံနဲ့ ကိုယ့်မျက်ဝန်းကို မှတ်မိပြီး ဖွင့်ပေးနိုင်တဲ့ စမတ်ဖုန်း ပေါ်လာပါပြီ။ ဖူဂျစ်ဆုကုမ္ပဏီရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ Arrows NX F-04G စမတ်ဖုန်းကို ဒီလကုန်မှာ ဈေးကွက် ဖြန့်ချိတော့မှာပါ။ ဒီ မျက်ဝန်းမှတ်သားစနစ်ဟာ ဖုန်းလော့ခ်ကို ဖြည်ဖို့ ၁ စက္ကန့်ပဲ ကြာပြီး ပိုင်ရှင်ရဲ့ မျက်ဝန်း လက္ခဏာတွေကို လေ့လာပြီး အတိအကျမှတ်မိနိုင်စွမ်းရှိပါတယ်။ ဂျပန်နိုင်ငံရဲ့အကြီးဆုံး မိုဘိုင်းဖုန်းအရောင်းကိုယ်စားလှယ်ဖြစ်တဲ့ အန်တီတီ ဒိုကိုမို (NTT DoCoMo) ကုမ္ပဏီကနေ ဒီစမတ်ဖုန်းတွေကို လကုန်ပိုင်းမှာ စတင်ဖြန့်ချိသွားမှာပါ။ အဖွဲ့ဝင် ကိုဟဲအိုကုကတော့ ဒီစွမ်းဆောင်ရည်အသစ်က ဖုန်းရဲ့ လုံခြုံရေးကို မြှင့်တင်ပေးနိုင်သလို ဖုန်းနဲ့ ငွေပေးချေမှုတွေကိုလည်း လုံခြုံမှုရှိစေမယ်လို့ ဆိုပါတယ်။ "အထိရောက်ဆုံးကိုယ်စားပြုနိုင်တဲ့ စကားနဲ့ပြောရရင်တော့ အဆင်မပြေစရာဆိုတာ လုံးဝမရှိဘူးလို့ ဆိုရမှာပါ။ ခုချိန်ထိ စမတ်ဖုန်းတွေမှာ အိုင်ဒီနဲ့ ပက်စ်ဝါ့ဒ်တွေ ရိုက်ထည့်နေရတုန်း။ ခုလို မျက်ဝန်း မှတ်သားစနစ်သာ သုံးလိုက်ရင် စခရင်ကို စိုက်ကြည့်လိုက်ရုံနဲ့ အားလုံး ပြီးသွားမယ်။ ဒါက အားသာချက်ပဲလို့ ကျနော်ထင်ပါတယ်။" ဒီဖုန်းမှာ အနီအောက်ရောင်ခြည်အလင်းကို သုံးထားပြီး အမှောင်ထဲမှာတောင် သုံးစွဲသူရဲ့ မျက်ဝန်းကို ချက်ချင်း မှတ်မိနိုင်မှာပါ။ သိပ်ကောင်းတယ်ဆိုပေမယ့် လူတိုင်းနဲ့ အံဝင်မှာ မဟုတ်ပါဘူး။ ဒီစနစ်က အရောင်ပါတဲ့ မျက်ကပ်မှန်တပ်ထားသူတွေအတွက် အလုပ်လုပ် မပေးလို့ပါ။ [gallery ids="96270,96271,96272,96273,96274,96275,96276"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024