၁၀တန်း အောင်စာရင်းထွက်ပြီ
၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွေကို ရန်ကုန်မြို့ရှိ ကျောင်းတွေမှာ ဇွန်လ ၅ရက် ညသန်းခေါင်ဝန်းကျင်က စတင်ပြီး ထုတ်ပြန်လိုက်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ကတော့ ၆လပိုင်း ၆ရက်နေ့ မနက် ၆နာရီမှာ ထုတ်ပြန်ပေးသွားမှာဖြစ်တဲ့အပြင် အောင်မြင်သူတွေရဲ့အမှတ်စာရင်းကိုလဲ အောင်စာရင်းထုတ်ပြန်ပြီး ၂ရက်အကြာမှာ နေ့ချင်းပြီး ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ၁၀တန်းအောင်စာရင်းတွေကို အင်တာနက်နဲ့ မိုဘိုင်းဖုန်းကတွေကနေ တိုက်ရိုက်ကြည့်ရှုနို်င်အောင် စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။
သတင်းဓာတ်ပုံ - ကောင်းထက်ကျော်၊ အိမမမွန်
[gallery ids="96246,96249,96250,96245,96243,96244,96252,96251,96247,96248"]