A d v e r t i s e m e n t With Us

ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ တရုတ်ကောင်စစ်ဝန်ရုံးကို ဆန္ဒပြ

တောင်တရုတ်ပင်လယ်မှာ ပီကင်းအစိုးရရဲ့ ကျူးကျော်ရန်စတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူ ၁၀၀ လောက်ဟာ ဇွန် ၄ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ချီတက်ခဲ့ကြပါတယ်။ ချီတက်သူတွေဟာ တရုတ်လိုရေးထားတဲ့ စာတန်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဒေသတွင်း တင်းမာမှုတွေကို ထပ်မံ မြင့်တက်စေမယ့် နောက်ထပ် လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။ မျိုးချစ်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး ရီနာတို ရေးယပ်စ်က “တရုတ်တွေကို သတင်းစကား ပါးချင်တာကတော့ ကျနော်တို့ ဖိလစ်ပိုင်လူမျိုးတွေရဲ့ ရေပိုင်နက်ထဲ၊ သီးသန့်စီးပွားရေးဇုန်ထဲကို ရုတ်တရက် ကျူးကျော်ဝင်ရောက် နှောင့်ယှက်တာမျိုး ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ဖိလစ်ပိုင်လူမျိုး ငါးဖမ်းသမားတွေကို မောင်းထုတ်တာတွေကို ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ဖိလစ်ပိုင်နယ်နိမိတ်ထဲမှာ အခိုင်အမာ ပါနေတဲ့ မစ်ချိဖှ် ကျောက်တန်းပေါ်မှာ လာရောက်ကျူးကျော် ပြုပြင်မှုတွေကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း။” ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ လတ်တလောနှစ်တွေအတွင်း ဖိလစ်ပိုင်နဲ့ တခြား အရှေ့တောင်အာရှနိုင်ငံတွေ အပြိုင်အဆိုင် ရေပိုင်နက် သတ်မှတ်နေကြတဲ့  တောင်တရုတ် ပင်လယ်ထဲမှာ ကျွန်းအတုတွေ ဖန်တီးတည်ဆောက်နေပြီး ရေကြောင်း မတော်တဆမှုတွေလည်း မြင့်တက်လာပါတယ်။ တောင်တရုတ်ပင်လယ်ထဲက နေရာအများစုကို ယူထားတဲ့ တရုတ်နိုင်ငံဟာ ရေကြောင်းသွားလာ ကုန်သွယ်မှုကနေ ဒေါ်လာ ၅ ထရီလီယံလောက် ရရှိနေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up