A d v e r t i s e m e n t With Us

အစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေး ရေးသားသူ စာရေးဆရာမ အမေရိကန်သို့ တိမ်းရှောင်

အစွန်းရောက် အစ္စလာမ္မစ်ဝါဒကို ပြောင်ပြောင်တင်းတင်း ဝေဖန်တဲ့ ဘင်္ဂလားဒေ့ရှ် စာရေးဆရာမဟာ သူ့ရဲ့အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာတွေကြောင့် အမေရိကန်နိုင်ငံကို တိမ်းရှောင်လာခဲ့ပြီလို့ သူ့ကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းက ပြောဆိုပါတယ်။ အသက် ၅၂ နှစ်အရွယ် ဆုရ စာရေးဆရာမ၊ ဘလော့ဂါ၊ လူ့အခွင့်အရေး လှုပ်ရှားသူဖြစ်တဲ့ တက်စ်လီမာ နတ်စ်ရင်းဟာ အစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေး ပုတ်ခတ်ရေးသားလို့ သူ့ကို သတ်ဖြတ်မယ်ဆိုပြီး အယ်လ်ကိုင်းဒါးအဖွဲ့က ခြိမ်းခြောက်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ခွာလာခဲ့တာပါ။ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ၁၀ စုနှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ အိန္ဒိယနိုင်ငံမှာ ယာယီနေထိုင်ခွင့် ရခဲ့တာပါ။ အခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘလော့ဂါ ၃ ဦး အစ္စလာမ္စစ် အစွန်းရောက်တွေရဲ့ သတ်ဖြတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာလည်း သူ့အတွက် မလုံခြုံဘူး၊ အသက်အန္တရာယ်ရှိတယ်လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အခုတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့ကို ဇွန် ၃ ရက်နေ့က ရောက်ရှိလာတယ်လို့ သူ့ရဲ့ခရီးစဉ်၊ နေရေးထိုင်ရေးကို စီစဉ်ပေးတဲ့ အမေရိကန်အခြေစိုက် Center for Inquiry အဖွဲ့က ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up