A d v e r t i s e m e n t With Us

အာကာသကြည့် ကမ္ဘာ့အကြီးဆုံး မှန်ပြောင်း တည်ဆောက်ခွင့်ရပြီ (ရုပ်သံ)

အမေရိကန်ဒေါ်လာ သန်း ၅၀၀  ကုန်ကျမယ့် အာကာသကြည့် ကမ္ဘာ့အကြီးဆုံး မှန်ပြောင်းကြီးကို တည်ဆောက်ခွင့်ကျပြီလို့ မဂျယ်လန် အာကာသမှန်ပြောင်းကြီး တည်ဆောက်ရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။ ဒီအာကာသကြည့်မှန် ပြောင်းကြီးကို တည်ဆောက်ဖို့ နိုင်ငံတကာအဖွဲ့အစည်း ၁၁ ဖွဲ့က ပါဝင်မှာ ဖြစ်ပြီး ချီလီနိုင်ငံမှာရှိတဲ့ တောင်ထိပ်တခုမှာ တည်ဆောက်မှာပါ။ မှန်ဘီလူးမှာ တပ်ဆင်မယ့် မှန် ၇ ချက်ဟာ ၂၅ မီတာ အကျယ်ရှိပြီး လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ မှန်ဘီလူးတွေထက် ၆ ဆ ပိုမြင်နိုင်မယ်လို့ ဆိုပါတယ်။ တည်ဆောက်ပြီးသွားရင်တော့ လက်ရှိ အာကာသမှာ လွှင့်တင်ထားတဲ့ အာကာသ မှန်ပြောင်းထက် ၁၀ ဆ ပုံရိပ်တွေကို ပြတ်ပြတ်သားသားမြင်ရမယ်လို့လည်း ဆိုပါတယ်။ အားလုံးတည်ဆောက်ပြီးသွားရင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကုန်ကျလိမ့်မယ်လို့လည်း တည်ဆောက်မယ့်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒီမှန်ပြောင်းကြီးဟာ အာကာသစူးစမ်းလေ့လာသူတွေအတွက် အာကာသထဲကို အရင်ကထက်ပိုပြီး ထဲထဲဝင်ဝင်လေ့လာခွင့်ရလာမှာ ဖြစ်ပါတယ်။ ဒီအာကာသမှန်ပြောင်းကြီး တည်ဆောက်ရခြင်း အဓိကရည်ရွယ်ချက်ကတော့ အနီးအနား နေအဖွဲ့အစည်းတွေမှာ ကမ္ဘာဂြိုလ်လို သက်ရှိကမ္ဘာတခုရှိ မရှိ စူးစမ်းဖို့ ဖြစ်ပြီး အာကာသအတွင်း အဝေးကွာဆုံးမှာ အသေးဆုံးမြင်ရတဲ့အရာတွေဟာ ဘာတွေ ဖြစ်တယ်ဆိုတာ သိရဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။ လာမယ့် သက္ကရာဇ် ၂၀၂၁ ခုနှစ်မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာတော့ စွမ်းအားပြည့်အလုပ်လုပ်နိုင်မယ်လို့ တွက်ချက်ထားကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up