A d v e r t i s e m e n t With Us

မြန်မာအတွက် ဂုဏ်ယူပါတယ် – စင်ကာပူနည်းပြ

ဓာတ်ပုံ - ChongJunLiang
စင်ကာပူအသင်း ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် အနိုင်ကစားသွားတဲ့ မြန်မာအသင်းအတွက် ဂုဏ်ယူပါတယ်လို့ စင်ကာပူနည်းပြက ပြောကြားလိုက်ပါတယ်။ ဇွန် ၄ ရက်ညက  စင်ကာပူနိုင်ငံ ဂျလန်ဘီဆာကွင်းမှာ ကန်ခဲ့တဲ့ ဆီးဂီမ်းဘောလုံးပြိုင်ပွဲ  အုပ်စုပွဲစဉ်မှာ မြန်မာယူ ၂၃ အသင်းက အိမ်ရှင် စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီးနောက် ပြောကြားလိုက်တာပါ။ [caption id="attachment_96056" align="aligncenter" width="650"]ဓာတ်ပုံ - ChongJunLiang ဓာတ်ပုံ - ChongJunLiang[/caption] စင်ကာပူ နည်းပြ အဒီ အစ္စကန်ဒါက “ကျနော်တို့ ကောင်းကောင်း ကစားသွားနိုင်ခဲ့ပါတယ်။ သူတို့ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဖရီးကစ် ၂ လုံးကလွဲလို့ မြန်မာအသင်းက ကျနော်တို့ကို သိပ် ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီညပွဲမှာ  ၂ ဂိုးသွင်းနိုင်ပြီး အနိုင်ရသွားတဲ့ မြန်မာအတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့် စင်ကာပူအသင်း ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ရာနှုန်းပြည့်တောင် လွန်နေပါသေးတယ်။ အမှန်တော့ ဒီညကစားခဲ့တာဟာ ကျနော်တို့ ပထမပွဲ ဖိလစ်ပိုင်နဲ့ ကစားခဲ့တာထက်တောင် ကောင်းပါတယ်။” လို့ ပြောပါတယ်။ [caption id="attachment_96062" align="aligncenter" width="615"]ဓာတ်ပုံ - ChongJunLiang ဓာတ်ပုံ - ChongJunLiang[/caption] ပြီးခဲ့တဲ့ညက   မြန်မာနဲ့ စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ  ပွဲချိန် ၂၄ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက အဖွင့်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲချိန် ၃၃ မိနစ်မှာ စင်ကာပူက ရမ်လီမူ ဟာမက် ဖာရစ်က ပန်နယ်တီကနေ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန် မိနစ် ၆၀ မှာ ရဲကိုဦးက အဝေးကနေ  အလွတ်တည်ကန်ဘောနဲ့ လှလှပပ အနိုင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်း နည်းပြချုပ်  ဦးကြည်လွင်ကတော့ "အိမ်ရှင်လည်း ဖြစ်တယ်၊ အသင်းကောင်း တသင်းလည်းဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ စင်ကာပူအသင်း အနေနဲ့ နောက်ပွဲ ၂ ပွဲ ကျန်သေးတာကြောင့် လက်ကျန်ပွဲတွေ အနိုင်ရပြီး ဆီမီးတက်ပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်ပွဲတွေ တပွဲပြီးတပွဲ ပိုကောင်းအောင် ပြင်ဆင်သွားမှာပါ။ ဒီနေ့နိုင်ပွဲအတွက် ကစားသမားတွေ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုပါတယ်။ ပရိသတ်တွေ တခဲနက် အားပေးမှုကိုလည်း အထူးကျေးဇူးတင်ပါတယ်။" လို့ ပွဲအပြီးမှာ မြန်မာဘောလုံးအဖွဲ့ချုပ် လူမှုကွန်ရက်မှာ ပြောထားပါတယ်။ မနေ့ညက ကန်ခဲ့တဲ့ ဆီးဂိမ်း အုပ်စု ဘီ ပွဲစဉ်တွေမှာတော့  ထိုင်းက မလေးရှားကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဗီယက်နမ်ကလည်း လာအိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up