လီနင်ရုပ်တု ယူကရိန်းအရှေ့ပိုင်း မြို့လယ်ရင်ပြင်မှ ဖယ်ရှားခံရ






2.1K
ဆိုဗီယက်ပြည်ထောင်စု တည်ထောင်သူ ဗလာဒီမာ အိုင်ဗန်လီနင်ရဲ့ ရုပ်တုကို ယူကရိန်းအရှေ့ပိုင်း စလာဗီယန့်ခ်စ်မြို့လယ် ရင်ပြင်ကနေ အမျိုးသားတစုက ဇွန် ၃ ရက်နေ့ အစောပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။
ရုပ်ဖျက်ဝတ်ဆင်ထားတဲ့ လူတစုက ရင်ပြင်ကို ဝန်ချီစက်နဲ့အတူ ရောက်လာပြီး ရုပ်တုကို ကြိုးတွေနဲ့ချည်ရင်း ရုပ်တုအောက်ခံ ခုံပေါ်ကနေ ချခဲ့ပြီး ဆေးနီတွေနဲ့ ဖြန်းခဲ့တာပါ။ ဒါဟာ ရုပ်တုကို ဖယ်ရှားဖို့ ဒုတိယအကြိမ် ကြိုးစားမှုဖြစ်ပြီး အောင်မြင်ခဲ့ပါတယ်။
ဧပြီ ၂ ရက်နေ့က တက်ကြွလှုပ်ရှားသူ အများအပြားက ဒီရုပ်တုကိုဖယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံတစုနဲ့ ပဋိပက္ခဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။
ယူကရိန်း ပြည်ထဲရေးဝန်ကြီး အာဆန် အဗာကို့ဗ်ကတော့ ရုပ်တုကို အမျိုးသားရေးဝါဒီ လက်ယာအုပ်စုက တက်ကြွလှုပ်ရှားသူတွေ ဖယ်ရှားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မေလက ယူကရိန်းသမ္မတ ပိုရိုရှန်ကိုဟာ ကွန်မြူနစ်ဆန့်ကျင်ရေးလို့ မီဒီယာတွေကခေါ်တဲ့ ဥပဒေအတော်များများကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေ ၄ ခုက ကွန်မြူနစ်နဲ့ နာဇီဝါဒဖြန့်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
[gallery ids="95986,95987,95989,95990"]