A d v e r t i s e m e n t With Us

ပင်ဆယ်လ်ဗေးနီးယားတွင် ဘတ်စ်ကားနှင့် ကုန်ကား တိုက်မိ၊ လူ ၃ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
အီတာလျံ ခရီးသည်တွေ တင်ဆောင်ထားတဲ့ ဘတ်စ်ကားတစီးနဲ့ ကုန်ကားတစီး အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပိုကိုနို ကျေးလက်ဒေသမှာ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၁၂ ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။ ဘတ်စ်ကားက ကုန်ကားရဲ့ကိုယ်ထည်ကို ထိုးခွဲခဲ့ပြီး လမ်းဘေးကို လိမ့်ဆင်းသွားခဲ့တာပါ။ လူအတော်များများ ဘတ်စ်ကားထဲမှာ ပိတ်မိနေခဲ့တယ်လို့ မြို့နယ်အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ဒေသတွင်း ဆေးရုံအတော်များများမှာ တင်ပို့ထားပြီး အာဏာပိုင်တွေက အခင်းဖြစ်ပုံကို စုံစမ်းစစ်ဆေးနေပါတယ်။ တချို့လူတွေကိုတော့ အခင်းဖြစ်ရာကနေ လေကြောင်းနဲ့ သယ်ခဲ့ရတာဖြစ်ပြီး ဒီအတွက် ပိုလွယ်ကူ မြန်ဆန်စေဖို့ ပိုကိုနိုတောင်လေဆိပ်ကို လုပ်ငန်းလည်ပတ်မှု ရပ်ထားခဲ့ပါတယ်။ အခင်းဖြစ်ရာမှာ အဖွဲ့တွေ လွယ်လွယ်ကူကူ မြန်မြန် တုံ့ပြန်နိုင်ဖို့ အဝေးပြေးလမ်း ၂ ဘက်လုံးကို ယာဉ်သွားလာမှု ပိတ်ထားခဲ့ပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up