ဆီးဂိမ်းပြိုင်ပွဲ ကမ္ဘောဒီးယားအသင်း ဖိလစ်ပိုင်ကို ဂိုးပြတ်နိုင်

၂၀၁၅ စင်ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအဖြစ် ဇွန် ၃ ရက်နေ့ညက ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ အုပ်စု (အေ)  မြန်မာအသင်းနဲ့ အုပ်စုတခုတည်းဖြစ်တဲ့  ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားတို့ ပွဲစဉ်မှာ ကမ္ဘောဒီးယားက ဖိလစ်ပိုင်ကို  ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု (ဘီ)ပွဲစဉ်မှာတော့  အရှေ့တီမောအသင်းက ဘရူနိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီကနေ့ ညနေမှာတော့  အိမ်ရှင်  စင်ကာပူအသင်းနဲ့ မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ရှိပြီး အုပ်စုဘီမှာတော့ ထိုင်းနဲ့ မလေးရှားအသင်း၊ ဗီယက်နမ်နဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားကြရဖို့ ရှိပါတယ်။ မြန်မာအသင်း နည်းပြ ဦးသန်းတိုးအောင်ကတော့ ပြီးခဲ့တဲ့ ပွဲစဉ်က အားနည်းချက်လိုအပ်ချက်တွေကို ပြုပြင်ပြီး အိမ်ရှင်စင်ကာပူကို အနိုင်ကစားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်းပြောရရင် စင်ကာပူကို မကြောက်ဘူး၊ ကျနော်တို့ အနိုင်ကစားမှာ။ သတင်းက ဘာရထားလဲဆိုတော့ စင်ကာပူအသင်းမှာ သူတို့လိဂ်မှာ ၁၀ သင်းချိတ်နေတဲ့ထဲက နံပါတ် ၉ ချိတ်နေတဲ့ အသင်းက ကစားသမား ၇ ယောက်၊ ၈ ယောက်၊ ၉ ယောက် လောက်ပါတယ်။ စင်ကာပူအသင်းက ပြစ်ဒဏ်ဘော တောင်းတတ်တယ်၊ ဖရီးကစ် ကောင်းတယ်။ ဖိလစ်ပိုင်နဲ့ ပွဲတုန်းက သူ ၁ ဂိုး ရသွားတာ ဖောင်းဘောကတဆင့် ရသွားတာ၊ သူတို့ရဲ့ ဖောင်းဘောတို့၊ ထောင့်ကန်ဘောတို့ကို ကျနော်တို့ သတိထားရမယ်။ အင်ဒိုနီးရှားနဲ့ ကစားသလိုမျိုးထက်ကို ပိုပြီး ကြိုးစားပြီး ကစားမှ စင်ကာပူနဲ့ တော်ရုံလောက်ကျမှာ။” စင်ကာပူနဲ့ မြန်မာအသင်းတို့ဟာ အုပ်စု ပထမပွဲစဉ်တွေမှာ တပွဲစီ အနိုင်ရထားပြီး ၃ မှတ်စီရထားပါတယ်။ [gallery ids="95864,95865,95866"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up