A d v e r t i s e m e n t With Us

စင်ကာပူကို မကြောက်ဘူး၊ ကျနော်တို့ အနိုင်ကစားမှာ – ဦးသန်းတိုးအောင်

ဦးသန်းတိုးအောင် ၀ဲမှယာ အလယ် (ဓာတ်ပုံ - Win Thu Moe)
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်းဟာ အုပ်စု (က) မှာ အိမ်ရှင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တအုပ်စုတည်း ကျနေပါတယ်။ ဇွန် ၂ ရက်နေ့ကတော့ မြန်မာအအသင်းဟာ အင်ဒိုနီးရှားအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာအသင်းရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ လာမယ့် ဇွန် ၄ ရက်နေ့ ကစားမယ့် အိမ်ရှင်စင်ကာပူအသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ မြန်မာအသင်းအနေနဲ့ ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲဆိုတာ မြန်မာ ယူ ၂၃  ဘောလုံးအသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဇွန် ၂ ရက် အဖွင့်ပွဲမှာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး အဖွင့်လှသွားတယ်၊ အဲ့ဒီပွဲမှာ မြန်မာအသင်းရဲ့ အားသားချက်၊ အားနည်းချက်၊ ဘာတွေ တွေ့လိုက်ရလဲ။ “အားသာချက်က ကျနော်တို့အသင်းက စိတ်ဓာတ်ကောင်းတယ်၊ ကြိုးစားမှုကောင်းတယ်၊Team play ကို ဦးစားပေးတာပေါ့၊ ဒါကြောင့် ကျနော်တို့က တချက်မှ ပေါ့လို့မရဘူး။ အသင်းတိုင်းကို ဒီလိုမျိုးစိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနဲ့ ကစားမှ ဖြစ်မှာ၊ ဖိလစ်ပိုင်တို့ ကမ္ဘောဒီးယားတို့ကိုလည်း လုံးဝလျှော့တွက်လို့ မရဘူး။ ကျနော်တို့အသင်းက စိတ်ဓာတ်ပြောင်းသွားရင် တမျိုးတမည် ပြောင်းသွားနိုင်တယ်၊ စိတ်ဓာတ်နဲ့ ကြိုးစားမှုက အားသာချက်၊ အားနည်းချက်က ဘာလဲဆိုရင်တော့ တချို့နေရာလေးတွေမှာ တဦးချင်း အားနည်းချက် ရျိတတ်တာပဲ။ ဥပမာ နောက်တန်းဆို ကျနော် အားမရသေးဘူး။ ဂိုးသမားဆို မနေ့က ပေးလိုက်ရတဲ့ ၂ လုံးလုံးက ဂိုသမားအားနည်းချက်ကြောင့် ပေးလိုက်ရတယ်လို့ ကျနော်က ယူဆတယ်။ ဒီနှစ်ဂိုးစလုံးက ဂိုးသမားက ကာကွယ်မယ်ဆို ကာကွယ်လို့ရတယ်။ ဂိုးသမားက နည်းနည်း အာရုံစူးစိုက်မှု လျော့တာပေါ့။” မနေ့ကပွဲမှာ ရှေတန်းကစားသမားတွေက ရတဲ့အခွင့်အရေး အသုံးချပြီး ဂိုးသွင်းသွားတာလေးတွေ တွေ့ရတယ်၊ ရှေ့တန်းရော အားရလား။ “မဆိုးဘူး ရှေ့တန်းက၊ ဂိုးသွင်းနိုင်တဲ့ ကစားသမားလေးတွေ ပိုလာတာ တွေ့ရတယ်။ ၃-၄-၅ ယောက်လောက် ဂိုးသွင်းနိုင်တာတွေ့ရတော့ ဒါ ကောင်းတဲ့လက္ခဏာပေါ့။ တခါတလေကျတော့ တချို့အသင်းတွေမှာ တယောက် နှစ်ယောက်လောက်ပဲ အားကိုးနေရတာမျိုး ရှိတယ်။ ကျနော်တို့အသင်းမှာ ဂိုးသွင်းခြေ လေးငါးယောက်လောက်တွေ့ရလို့ ရှေ့တန်းကို အားရပါတယ်။” မနက်ဖြန်ကန်မယ့် စင်ကာပူအသင်းနဲ့အတွက် ဘာတွေ ကြိုပြင်ထားလဲ၊ စင်ကာပူအသင်းနဲ့ ပတ်သက်လို့ ဘာတွေကြားထားလဲ။ “ပွင့်ပွင့်လင်းလင်းပြောရရင် စင်ကာပူကို မကြောက်ဘူး၊ ကျနော်တို့ အနိုင်ကစားမှာ။ သတင်းက ဘာရထားလဲဆိုတော့ စင်ကာပူအသင်းမှာ သူတို့လိဂ်မှာ ၁၀ သင်းချိတ်နေတဲ့ထဲက နံပါတ် ၉ ချိတ်နေတဲ့ အသင်းက ကစားသမား ၇ ယောက်၊ ၈ ယောက်၊ ၉ ယောက် လောက်ပါတယ်။ စင်ကာပူအသင်းက ပြစ်ဒဏ်ဘော တောင်းတတ်တယ်၊ ဖရီးကစ် ကောင်းတယ်။ ဖိလစ်ပိုင်နဲ့ ပွဲတုန်းက သူ ၁ ဂိုး ရသွားတာ ဖောင်းဘောကတဆင့် ရသွားတာ၊ သူတို့ရဲ့ ဖောင်းဘောတို့၊ ထောင့်ကန်ဘောတို့ကို ကျနော်တို့ သတိထားရမယ်။ အင်ဒိုနီးရှားနဲ့ ကစားသလိုမျိုးထက်ကို ပိုပြီး ကြိုးစားပြီး ကစားမှ စင်ကာပူနဲ့ တော်ရုံလောက်ကျမှာ။” မြန်မာအသင်းက ရွှေမှန်းထားတယ်ဆိုတော့ အခု ကစားပုံနဲ့ မှန်းထားတုန်းပဲလား။ [caption id="attachment_95799" align="aligncenter" width="706"]ဓာတ်ပုံ - Myanmar Football Federation ဓာတ်ပုံ - Myanmar Football Federation[/caption] “ကျနော့်အသင်း မနေ့က ကစားသွားပုံက လိုအပ်ချက်တွေ ရှိနေတုန်းဆိုပေမယ့် သူတို့ ကြိုးစားကစားသွားပုံက ကျေနပ်စရာပါ။ ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင် ဖိုင်နယ်တက်မယ်၊ ကျနော် မှန်းတယ် ရွှေ။” ဆီးဂိမ်းမကန်ခင် ထိုင်းအသင်းနဲ့ ကစားတုန်းက ဂိုးပြတ် ရှုံးခဲ့တယ်၊ အဲ့ဒီတုန်းကခြေနဲ့ မနေ့က ခြေစွမ်း ဘာကွာလဲ။ “ထိုင်းနဲ့ကစားတုန်းက ပထမပိုင်းခြေကောင်းတယ်၊ ၀-၀ သရေ။ ဒုတိယပိုင်းမှာ တဦးချင်း အမှားလေးတွေကနေ တလုံးကနေ နှစ်လုံး၊ နောက် တယောက်ထွက်၊ အဲ့လိုမျိုးတွေ ပေးလိုက်ရပြီး ၄ ဂိုး ဖြစ်သွားတယ်။ ထိုင်းကနေ ဗီယက်နမ်ကူးပြီး ကစားတဲ့အခါ ဒုတိယပိုင်းမှာ ပုံမှန်ခြေ ပြန်ရတယ်။ အဲ့ဒီခြေမျိုးက အခု အင်ဒိုနီးရှားနဲ့ ကစားတဲ့ထိ ပါလာတယ်။” နောက်တခု ကျနော်တို့ ကြားတာက မြန်မာအသင်းကြီးကလည်း ခြေစစ်ပွဲဝင်ဖို့ ထိုင်းမှာ ကန်နေတယ်၊ ယူ ၂၀ ကလည်း အခု နယူးဇီလန်မှာ ကန်နေတယ်၊ အခု ဆီးဂိမ်းပြိုင်ပွဲအတွက် ရွေးထားတဲ့ ဘောလုံးသမားတွေဟာ မြန်မာနေရှင်နယ်လိဂ်က ဒုတိယတန်းစား ကစားသမားတွေချည်းလို့ ပြောနေကြတယ်၊ အဲ့ဒါ ဘယ်လောက်မှန်လဲ။ “ဘယ်လောက်မှန်လဲဆိုရင် ရာခိုင်နှုန်းတော်တော်နည်းတယ်ဗျ။ ပြောရလို့ရှိရင် နေရှင်နယ်အသင်းကလည်း ပြိုင်ပွဲရှိတယ်။ ယူ ၂၀ ကလည်း ကျနော်တို့ဆီက ပလေယာတွေထက်သာတယ်။ အဲ့ဒီတော့ ကျနော်တို့က နေရှင်နယ်အသင်းနဲ့ ယူ ၂၀ တို့က ရွေးကျကို ရတယ်လို့ အားလုံးက ထင်နေကြတယ်။ အဲ့ဒါကို ကျနော် လက်မခံပါဘူး။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ရွေးစင်အသင်းကြီးက ဘယ်သူ့ကို ရွေးမလဲ မေးတယ်။ ကျနော် အားလုံးကို ငြင်းတယ်။ ကြည်လင်းတို့၊ ကျော်ကိုကိုတို့ ကစားနေကြတယ်၊ အသက်လည်း လွတ်သေးတယ်။ သူတို့ ဆီးဂိမ်းကစားခဲ့တာ မအောင်မြင်ခဲ့ဘူး။ အိမ်ကွင်းမှာ ကစားခဲ့ရတာကိုပဲ အုပ်စုက ထွက်ခဲ့ရတယ်။ နာမည်သာရှိတဲ့ ဒီလိုကစားသမားတွေကို ကျနော့်အသင်းထဲ ဆွဲမထည့်ချင်တော့ဘူး။ ကျနော့်အသင်းက သူတို့လောက်တော့ နာမည်မရှိဘူး။ ဒါပေမယ့် သူတို့လောက် ကစားနိုင်တဲ့၊ သူတို့ထက် စိတ်ဓာတ်ကောင်းတဲ့ ဘောလုံးသမားတွေကို ကျနော်တို့ ရထားတယ်။ ယူ ၂၀ က ကစားသမားတွေတော့ ကျနော်တို့ လိုချင်တယ်။ ဒါပေမယ့် ပွဲကတိုက်နေတော့ အဲ့လိုမျိုးတော့ ရှိတာပေါ့နော်။” မနေ့က မြန်မာပွဲမှာ စင်ကာပူက မြန်မာပရိသတ်တွေ တော်တော်အားပေးတာ တွေ့လိုက်ရတယ်၊ ပရိသတ်အပေါ် ကိုသန်းတိုးအောင် အမြင် ပြောပါဦး။ [caption id="attachment_95797" align="alignleft" width="622"]မြန်မာပရိသတ်များ (ဓာတ်ပုံ - Win Thu Moe) မြန်မာပရိသတ်များ (ဓာတ်ပုံ - Win Thu Moe)[/caption] “ကျနော်က စင်ကာပူပရိသတ်ကို တအား သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အိမ်ကွင်းလိုကို ကစားနေရတာ။ ကျနော် ကစားသမားတွေကိုလည်း ပြောပြတယ်။ တို့ အိမ်ကွင်းလို ကစားရတယ်။ အင်ဒိုပရိသတ်က နည်းနည်းလေး၊ စင်ကာပူနဲ့ကစားရင်တောင်မှ ကျနော်တို့ ပရိသတ်က များလိမ့်မယ်။ တကယ်လို့ စင်ကာပူက လက်မှတ်ကို ထိန်းချုပ်မထားဘူးဆိုရင်ပေါ့။ မြန်မာပရိသတ်က ကျနော်တို့အတွက်တော့ တကယ်ကို တအားပဲ၊ ကလေးတွေလည်း အားတက်တယ်၊ အိမ်ကွင်းလို ကစားရတာ အဲ့ဒီအားက နည်းတဲ့အား မဟုတ်ဘူး။ မြန်မာပရိသတ်ကို အထူးပဲ ကျေးဇူးတင်တယ်။ လာမယ့်ပွဲတွေမှာလည်း မြန်မာပရိသတ်တွေ အများကြီး ထပ်လာကြလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။” နောက်တခုက ကိုသန်းတိုးအောင်တို့ ၁၉၉၃ တုန်းက စင်ကာပူမှာ ငွေ ရခဲ့တဲ့စံချိန်ကို အခု ချိုးနိုင်မယ်လို့ ယုံကြည်လား။ “အနည်းဆုံး အဲ့လောက်တော့ သွားမယ်။ များရင်တော့ ရွှေပေါ့။ အခု တပွဲပဲ ကစားရသေးတော့ ဆီမီးဖိုင်နယ်တက်အောင် အရင် လုပ်ရလိမ့်မယ်။ တချက်လေးမှ ပေါ့လို့ မရပါဘူး။ ကျနော်တို့ ပေါ့လို့ မရသလို ကစားသမားတွေကလည်း အခု တပွဲနိုင်ပြီဆိုပြီး နောက်ပွဲတွေမှာ လျော့တိလျော့ရဲ ကစားလို့ မရဘူး။ အဲ့ဒါမျိုးလည်း လက်မခံဘူး။ ကစားသမားတွေလည်း မှာထားတယ်။ အုပ်စုပွဲ ၃ ပွဲကျန်သေးတယ်။ မျှော်လင့်ချက် မရှိတဲ့ အသင်းကလည်း ဂုဏ်သိက္ခာအတွက် ကန်ကြမှာပဲ။ ဒါကြောင့် တချက်မှ ပေါ့လို့မရဘူးလို့။” [caption id="attachment_95795" align="alignleft" width="643"]ဦးသန်းတိုးအောင် (ဓာတ်ပုံ - Win Thu Moe) ဦးသန်းတိုးအောင် (ဓာတ်ပုံ - Win Thu Moe)[/caption] ကိုသန်းတိုးအောင်တို့ကိုယ်တိုင် ကစားခဲ့ရတုန်းကနဲ့ အခု အသင်းမန်နေဂျာတယောက်အနေနဲ့ သွားကန်ရတဲ့အနေအထားမှာ အမှတ်တရ ဘာပြန်ပြောစရာ ရှိမလဲ။ “ကျနော်တို့တုန်းက တော်တော်ကို ချို့ချို့တဲ့တဲ့နဲ့ နိုင်ငံတော် အားပေးမှု သိပ်မရှိပဲ ကန်ခဲ့ရတာကိုးဗျ။ ဖိုင်နယ်ကန်ခဲ့ရတဲ့ ၀တ်စုံကိုက အခုခေတ်ဈေးနဲ့ပြောရင် ကျပ် ၁၅၀၀ လောက်ပဲတန်တဲ့ ၀တ်စုံဝတ်ပြီး ကန်ခဲ့ကြရတာ။ အခု ကလေးတွေကတော့ ဘောလုံးအဖွဲ့ချုပ်က အစစ ပံ့ပိုးပေးထားတော့ အရင်ခေတ်နဲ့တော့ မတူတော့ဘူး၊ အစားအသောက်၊ အနေအထိုင်ကအစ သာတယ်။ နောက် ပရိသတ်ပေါ့၊ ပရိသတ်က ကျနော်တို့ခေတ်ထက် အများကြီး ပိုများလာတယ်။”

A d v e r t i s e m e n t With Us

More News
Up