A d v e r t i s e m e n t With Us

မလေးရောက် မြန်မာကလေးများကို စာပေးစာယူဖြင့် ပို့ချမည်

ဓာတ်ပုံ - asiafoundation
မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားကလေးငယ်တွေကို အခြေခံပညာ စာပေးစာယူသင်တန်းအတွက် ကျောင်းအပ်နှံမှုကို ဇွန်လ ၄ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ လက်ခံမယ်လို့ ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ ကျောင်းအပ်နှံမယ့်ကလေးဟာ မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားမိဘ (သို့မဟုတ်) အုပ်ထိန်းသူတို့နဲ့တူ တရားဝင်နေထိုင်တဲ့ (Dependent/Student Pass) ရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ပြောင်းလာတဲ့ ကျောင်းသားအသစ်တွေအတွက် မြန်မာနိုင်ငံက အောင်လက်မှတ်နဲ့ ကျောင်းထွက်လ က်မှတ်၊ မိဘ (သို့) အုပ်ထိန်းသူရဲ့ နိုင်ငံကူးလက်မှတ်၊ ကျောင်းသားရဲ့ နိုင်ငံကူးလက်မှတ်နဲ့ (Dependent/Student Pass) ကျောင်းလျှောက်လွှာ ပုံစံတွေ လိုအပ်ပြီး သံရုံးကို နိုင်ငံကူးလက်မှတ်တွေ ယူဆောင်လာပြီး လျှောက်ဖို့ဖြစ်ပါတယ်။ အသက်ငါးနှစ်ကျော် သူငယ်တန်းအပ်နှံမယ့် ကျောင်းသားအသစ်တွေအတွက် ကလေးမွေးစာရင်း၊ မိဘ (သို့) အုပ်ထိန်းသူရဲ့ နိုင်ငံကူးလက်မှတ်၊ ကျောင်းလျောက်လွှာပုံစံ၊ ဓာတ်ပုံ ၃ ပုံ တို့ လိုအပ်ပါတယ်။ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှာ ပထမနှစ်ဝက်စာမေးပွဲတွေကို အောက်တိုဘာလ၊ ဒုတိယနှစ်ဝက်စာမေးပွဲကို ဖေဖော်ဝါရီလတွေမှာ ကျင်းပမယ်လို့ဆိုပါတယ်။ စတုတ္ထတန်းနဲ့ အဌမတန်းကျောင်းသားတွေကတော့ အဆိုပါ စာမေးပွဲနှစ်ကြိမ်အပြင် ဒီဇင်ဘာမှာလည်း အကြိုအစမ်းစာမေးပွဲတကြိမ် ဖြေဆိုရမယ်လို့ဆိုပါတယ်။ ဒသမတန်းကျောင်းသားတွေက နှစ်ဝက်စာမေးပွဲ ၂ ကြိမ်အပြင် နှစ်စဉ်မတ်လမှကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ သူငယ်တန်းကနေ န၀မတန်းအထိ အောင်စာရင်းတွေကို သင်္ကြန်အပြီးမှာ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို ဇွန်လတွေမှာ အသိပေးထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဘာသာရပ်တွေကို ဘယ်လိုသင်ကြားပို့ချမလဲအပါအ၀င် အသေးစိတ်သိနိုင်ဖို့ သံရုံးကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် တယ်လီဖုန်းဆက်သွယ်လို့ မရပါဘူး။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီ အလုပ်လုပ်ကိုင်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up